Story ❇04❇

4.5K 575 30
                                    

မည်၍မည်မျှအမှတ်မထားမိသော်ငြား တင်ပလ္လင်ခွေထားသည့် ခြေထောက်နှစ်ဖက်က ထုံကျင်နေပြီမို့ ထိုင်နေတာအတော်ကြာပြီဟု ။

ကျွန်တော့်အိပ်ယာထက်တွင် ပိုင်ပိုင်စိုးစိုးလျောင်းစက်လေသည့် သလင်းပန်းပုကို ရှုစားခြင်း၌ မွေ့လျော်နေခဲ့သည်မှာအိပ်ယာနိုးကတည်းကပင်. .။ နိုးဆို တစ်ညလုံးလည်းအိပ်လိုက်ရသည် မထင်မိ ။

ဆိုဖာတွင် အချိုးမပြေသော ခန္ဓာကိုယ်အနေအထားဖြင့် နေရာယူခဲ့ရသည့်အတွက် ပုံမှန်ပြန်တည့်မတ်မရသောလည်ပင်းက အခုထိနာကျင်ဆဲ. .။

သူများအိမ်တက်ကာ သူများအိပ်ယာကိုအပိုင်စီးသိမ်းထားလေသည့် အနှီသူယောင်ကဖြင့် စိတ်အေးချမ်းသာစွာ ခြေဆန့်လက်ဆန့်လျက်. . ။

နှစ်နှစ်ဖြူ သောအသားအရေနှင့် ပါးလျားသောအသွင်ကြောင့် အိပ်ယာခင်းအဖြူ ထဲရောကာမြု ပ်နေသည်က လူကောင်ကိုပင်မနည်းရွေးကြည့်နေရသည့်အဖြစ်. .။

တပ်နေကျမျက်နှာတစ်ဝက်ဖုံး မျက်မှန်ဝိုင်းသည်လည်း ခုတင်အောက်ကြမ်းပြင်တစ်နေရာတွင်တုံးလုံးပက်လက် ။ နဖူးတိအမြဲဖုံးထားတတ်သည့်ဆံပင်တို့က စိတ်တိုင်းကျလူးလိမ့်ထားသောကြောင့် ငှက်သိုက်လိုလန်တက်ဖွာဆန်လျက်နေသည့်ကျေးဇူးဖြင့် သူ့မျက်ခုံးထက်က မှဲ့နက်ကလေးသည်လည်း မိမွေးတိုင်းဖမွေးတိုင်းပေါ်နေသည်ကို စိတ်ကူးနှင့်ပစ်မှားရင်း. .။

'' အား. .''

ခါးတစ်ချက်ဆန့်မိစဉ် မေ့နေသောအနာတစ်ခုက ခေါင်းပြန်ထောင်လာသည် ။ နှုတ်ခမ်းကိုကျိတ်ကျိတ်ကိုက်ကာ ခါးကိုပွတ်ရသည် ။

'' အင်. . .ဟင်. . ''

လွှတ်ကနဲထွက်မိသောညည်းညူ ခြင်းက သူ့ကိုအိပ်ယာနှိုးမိပြီထင်. .။ သူလူးလွန့်လာ၏ ။

မျက်လုံးနှစ်ဖက်ကိုပွတ်ကာသပ်ကာ အိပ်ယာထဲမှပင်ခေါင်းလည်လျက် ကျွန်တော့်အိမ်ခန်းကိုလှည့်ပတ်ကြည့်သည် ။ ပစက္ခအခြေအနေနှင့် သူပေါင်းစည်းရသေးပုံမပေါ်. .။

'' ငါ. . .ဘယ်မှာ.? . .အာ. . ဒါ မင်းအိမ်လား. ? . ''

နဂိုပွလက်စဆံပင်သိုက်ကို လက်နှင့်ထပ်ဖွရင်းသူထထိုင်သည် ။ ညမအိပ်ခင်က လက်တည့်ရာ ကျွန်တော့်ရှပ်အကျီ င်္ကိုယူလဲပေးထားသဖြင့် အကျီ င်္လက်ဖျားက သူ့လက်ချောင်းလေးများထိဖုံးလုနီး. .။

[ပထမ]ကြယ်ပုံပြင် ||HunHan OTP Completed||Tempat cerita menjadi hidup. Temukan sekarang