WHEN I FALL (Final)

9.6K 806 17
                                    

When I Fall ||ChanBaek||
Ost - When I Fall (After school)

~~~~~~~~~~~~~~~

ချစ်ရသူကိုလွမ်းလွန်းလို့ မျက်ရည်တွေရစ်သိုင်းလာတဲ့အခါ .. ကောင်းကင်ယံထက် အညိုရောင်မိုးတိမ်တွေက အလိုက်သိစွာ မျက်ရည်မိုးရည်တွေကို သွန်းဖြိုးတယ် .. ။

💓💓💓

" baby လေး .. ကိုယ့်ရဲ့ အူကြူးလေး အိပ်ပုတ်မနေနဲ့ ထတော့လေကွာ .. "

မိုးရာသီရောက်နေပြီမို့ ညကတည်းက တဖွဲဖွဲရွာနေသည့်မိုးက အခုချိန်ထိ မတိတ်နိုင်သေးပဲ အညှိုးကြီးစွာရွာနေဆဲ .. အအေးကြောက်တတ်သည်မို့ စောင်အထူကြီးကို လည်ပင်းအထိရောက်အောင်ခြုံရင်း မွေ့ယာထူထူပေါ်ကွေးနေတုန်း လွတ်နေသည့်မျက်နှာလေးကို အလွှတ်မပေးဘဲ နမ်းလည်းနမ်း နားရွက်ကိုလည်းကိုက်ရင်း နှောင့်ယှက်နေသည့် ကိုယ်တော်ကြောင့် ငိုပင်ငိုချင်လာသလို .. ။

" ဟင့် .. မထချင်သေးပါဘူးဆိုဟာ .. "

ထပ်ပြီးနှောင့်ယှက်လို့မရတော့အောင် စောင်ကိုခေါင်းအထိ ဆွဲခြုံလိုက်ပြီး မုန်းစရာအဖိုးကြီးကိုလည်း အလိုမကျစွာဖြင့် စောင်အောက်မှ ရန်တွေ့လိုက်မိသည် ။

" Baby ကလည်းကွာ .. ကိုယ်နဲ့ လျှောက်လည်ပါမယ်ဆို အိပ်နေတော့မှာလား .. "

ကြည့် !! ဘယ်လောက်အမြင်ကတ်ဖို့ကောင်းလဲ !!

ခြုံထားတဲ့စောင်ကို လက်နဲ့အတင်းကြီးလိုက်ဖယ်နေတာ .. ဂါး .. မိုးအေးအေးနဲ့ ကွေးပါမယ်ဆိုမှ ။

အင်းးးး .. ဒါပေမယ့် တစ်ခုတော့ထူးဆန်းတယ် ။ စောင်ကိုဖယ်နေတာက ဘာလို့အဲ့လောက်တောင် အားမပါတာပါလိမ့် .. ။

Park Chanyeol တစ်ယောက် ဘယ်အချိန်ကတည်းက အဲ့လောက်အားပြတ်သွားရတာပါလဲ 😶😶 ။

ခေါင်းအထိစောင်ခြုံထားတာ အနည်းငယ်မွန်းသလို ဖြစ်လာတာကြောင့် မျက်လုံးကိုမဖွင့်သေးပဲ စောင်ကိုအနည်းငယ် လျှောချလိုက်မိသည် ။

ကိုက်တယ် .. နားရွက်တွေကို ကိုက်တယ် ။

ပြီးတော့ ကျွန်တော့်နှုတ်ခမ်းတွေကို လျှာလိုလိုခပ်နွေးနွေးအရာနဲ့ ခပ်ဖွဖွအသည်းယားအောင် ထိတွေ့နေတယ် .. ။

You've reached the end of published parts.

⏰ Last updated: May 31, 2018 ⏰

Add this story to your Library to get notified about new parts!

WHEN I FALLWhere stories live. Discover now