WHEN I FALL

5.2K 659 51
                                    

When I Fall ||ChanBaek||
Ost-When I Fall(After School)

ခုနက ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်နဲ့ ပက်သက်ပြီး
ကျနော်ဘက်ကလည်း မျက်နှာပူမိသလို
သူနဲ့ တူတူဆက်ရှိနေဖို့လည်း မရဲတော့သောကြောင့် အိမ်ပြန်လိုက်ပို့ ပေးဖို့သာတောင်းဆိုမိခဲ့သည်။

အဖြေရှာဖို့လိုအပ်တဲ့ ပုစ္ဆာတစ်ပုဒ်အတွက်
ကျနော်တစ်ယောက်တည်း ယောက်ယက်ခတ်နေတဲ့အချိန်
သူကတော့ မသိသလို ဖာသိဖာသာပင်။
အင်းလေ..သူနဲ့မှ မဆိုင်တာ...ကျနော့်ဘက်က ဖြစ်တည်လာတဲ့ ခံစားချက်တွေကို။

လောလောဆယ် ဝေခွဲလို့မရတဲ့ ကျနော့် စိတ်က
ကျနော် ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျခဲ့တဲ့ ဒီမျက်ရည်တွေက "မင်း သူ့ ကိုချစ်နေသေးတာပဲ" လို့ သူ့နှုတ်ခမ်းက ထွက်စေခဲ့တယ်ဆိုရင်....
နောက်တခါ ဒါမျိုးထပ်မဖြစ်စေချင်တော့တာ တစ်ခုပင်။

ဘယ်သူ့ကိုချစ်နေလို့ ဘယ်သူ့အပေါ် စိတ်ခံစားချက် ရှိနေတာပဲဆိုတာ ကိုယ်တိုင်တောင် နားမလည်တဲ့ဘဝက သနားဖို့တောင်ကောင်းလိုက်တာ...။

လမ်းတစ်လျှောက်လုံး ကျနော့်ကိုစကားတစ်ခွန်းမှမပြောဘဲ ရောက်တော့မှ "ကောင်းကောင်း အနားယူလိုက် Baekhyun" လို့ပြောသွားတဲ့သူက ကျနော့်စိတ်ကို ထိုးထွင်းမြင်နေသလိုပင်။

မသိတော့ပါ..ဝေခွဲမရတဲ့ စိတ်နဲ့ နားမလည်နိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရတာ တကယ်ကို ပင်ပန်းနေပြီ...။

___When I Fall___

ညရောက်တော့ အတွေးပေါင်းများစွာနဲ့ တော်တော်နဲ့ အိပ်လို့မရ။
YoungMi နဲ့ပက်သက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကိုစဉ်းစားမိတော့ ...ကျနော်တို့ ၂ ယောက်လုံးပျော်ရွှင်ခဲ့ရတာပဲလေ..
ကွာခြားတာတစ်ခုကတော့ ၂ ယောက်လုံးရဲ့ အပြုံးက အတောက်ပဆုံးမဖြစ်ခဲ့ဘူး ထင်ပါရဲ့..။
ဒီနေ့တွေ့လိုက်ရတဲ့ သူမ...ကျနော်နဲ့ ရှိနေစဉ်အတောအတွင်း တခါမှ အဲ့လိုမပြုံးခဲ့ဘူး။

အဲ့ဒါဆို...ကျနော်ကရော ..သူနဲ့ရှိနေစဉ်ကာလက ပျော်ခဲ့ရပါသည်။...သံယောဇဉ်တွေ အချစ်တွေနဲ့ နွေးထွေးခဲ့ရသည်။
ဒါပေမယ့် အမြဲတမ်းလိုလို တစ်ခုခုလိုအပ်နေတယ်ဆိုတဲ့ ခံစားချက်က ဝင်နေခဲ့တာ...
ကျနော် ခဏခဏ သတိထားမိတယ်။

WHEN I FALLWhere stories live. Discover now