WHEN I FALL

5.9K 637 45
                                    

သူကဘယ်​လို​နေမလဲမသိ​ပေမဲ့ ကိုက
ကို့အ​တွေးနဲ့ကိုရှက်​လာတာမို့ စားလက်​စ
ခေါက်​ဆွဲဘူးဆီကိုအာရုံပြန်​ထားလိုက်​တယ်

" မျက်​နှာကြီးလည်း ​ခေါက်​ဆွဲဘူးထဲ
ဝင်​သွားဦးမယ်​ bacon ... "

baconဆိုတဲ့အသုံးအနှုန်း​ကြောင့်
စားလက်​စ​ခေါက်​ဆွဲက ပါးစပ်​ထဲမ​ရောက်​ခင်
တန်းလန်းကြီး ​လေဟာနယ်​ထဲ
နင်​သွားရသည်​။မော့ကြည့်​​တော့ သူက
ဖြီး​နေသလိုမျက်​နှာထားနဲ့ စိုက်​ကြည့်​​နေရဲ့

" ငါ့ကိုများ အရူး​ကောင်​ ..."ဆိုပြီး
ရန်​​တွေ့ဖို့တာစူလိုက်​​ပေမဲ့ ​မေး​ထောက်​ပြီး
ခပ်​​တွေ​တွေကြည့်​​နေသလို သူ့​ကြောင့်
ကျ​နော့်​ရင်​ဘတ်​​တွေဒိန်းခနဲ

ပုံပျက်​​နေတဲ့ကို့မျက်​နှာကို သူမသိ​စေချင်​တာမို့
ခေါက်​ဆွဲပြုတ်​ဆီအကြည့်​ပြန်​ပို့လိုက်​သည်
တကယ်​​တော့ ဘူးထဲကုန်​​နေပြီကို
လက်​ထဲကိုင်​ထားတဲ့တူကို ​ခေါက်​ဆွဲဘူး​လေး​ပေါ်
အစီအရီတင်​ထားလိုက်​သည်​။ ငယ်​ကတည်းက
အကျင့်​မို့ ​ခေါက်​ဆွဲစားပြီးရင်​ တူကိုဒီအတိုင်း
ပစ်​စလက်​ခတ်​ထားတာထက်​စာရင်​ ဒီလို​လေး
ပြန်​တင်​ထားရတာကိုကြိုက်​သည်​။

ကို့အလုပ်​နဲ့ကို သ​ဘော​တွေကျပြီး
ကျ​နော်​ပြုံးလိုက်​မိသည်​။ စိုက်​ကြည့်​​နေသလို
ခံစားမိတာမို့ ​ရှေ့ကိုပြန်​ကြည့်​မှ

" ဘာ ...ဘာ​ပေ​နေလို့လဲ ငါ့မျက်​နှာ"

အ​ယောင်​​ယောင်​အမှားမှားနဲ့ ကို့မျက်​နှာကို
ပြန်​စမ်းစစ်​ကြည့်​လိုက်​​တော့ သူက​တော့
အပြုံးလှလှသာပြုံး၍ ကျ​နော့်​ကို
စိုက်​ကြည့်​​နေဆဲ ..

ကျ​နော်​ အရင်​က ဘာလို့များမသိခဲ့တာလဲ
Chanyeolရဲ့ဝိုင်းစက်​စက်​မျက်​လုံး​တွေက
အရမ်းလှလွန်းတာကို ..
ြုကည်​လဲ့လဲ့ကြယ်​​လေးတပွင့်​နဲ့တူတယ်

" ငါတို့ ဒီလိုတူတူစားဖူးတယ်​​နော်
မင်းက မ​ပြောင်းလဲဘူး
အရင်​ထဲက​နေ အခုထိ "

" ဘာကိုလဲ ..."

မျက်​လုံးပင့်​ရင်း ကျ​နော်​​မေး​တော့

WHEN I FALLWhere stories live. Discover now