part- 18

4.8K 388 12
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

( အပိုင်း - ၁၈ )

လဝန်း၏ ဘေးနားမှာ အိပ်ပျော်နေသည့် ခန့်ထည်ဝါကို ကြည့်ရင်း ပြုံးမိသည်။ လဝန်း နှင့် သူ တစ်ယောက်နှင့် တစ်ယောက် ချစ်တယ်လို့ မပြောကြသေးပေမယ့် တစ်ယောက်နှင့် ချစ်နေသည်ဆိုတာ ခံစားမိသည်။ လဝန်း စိုးရိမ်တာက သူချစ်နေတာ ဆည်းဆာချို ဖြစ်နေပြီး သူ့ကို ချစ်နေသော လဝန်းက ဝိညာဉ် ဖြစ်နေခဲ့တယ်ဆိုတာ သူ သိပါ့မလား ။

လဝန်း၏ခါးကို ဖက်ထားသည့် သူ့လက်ကို ဖယ်ပြီး ခြံထဲကို ခဏ ဆင်းခဲ့သည်။ ခြံထဲက ခုံတန်းလေးမှာ ဝင်ထိုင်ပြီး ရေရွတ်မိသည် ။

"ဆည်းဆာချို တကယ်လို့ ရှင် ကျွန်မအနားမှာ ရှိနေတယ်ဆိုရင် ကျွန်မသိရအောင် တစ်ခုခု  အချက်ပြပေးပါလား "

ငြိမ်သက်နေသော ပတ်ဝန်းကျင်က ခေတ္တ ခဏအကြာ လေတွေ ခပ်ပြင်းပြင်း တိုက်ခတ်လာသည်နှင့်အတူ အရိပ်တစ်ခုကို လဝန်း တွေ့လိုက်ရသည်။ လဝန်း သက်ပြင်းရှိုက်မိသွားသည် ။

"ကျွန်မကို အချိန်ခဏလောက် ပေးပါ ။
ကျွန်မ သိပ်မကြာခင် ရှင့် ခန္ဓာကိုယ်ထဲက ထွက်သွားပေးပါ့မယ် ။ အခုချိန်ခဏတော့ ကျွန်မရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို အဆုံးသတ်ဖို့ အချိန်ခဏပေးပါ ၊ ကျေးဇူးပြုပြီး "

လဝန်း ပြောပြီးသော် ပတ်ဝန်းကျင်၌ လှုပ်ရှားမှုတစ်စုံတရာ မတွေ့ရတာကြောင့် လက်ခံသည်ဟု မှတ်ယူပြီး အိမ်ထဲ ပြန်ဝင်ခဲ့သည်။ ခန့်ထည်ဝါ အိပ်ပျော်နေတာကို ငေးကြည့်နေရင်း လဝန်းမှာ အတွေးများစွာနှင့် ထိုညက အိပ်မပျော်ခဲ့ပါ ။

××××××××

သည်နေ့ ကုမ္ပဏီ၏ အစည်းအဝေးခန်းထဲမှာ နွေသည် သူ့ ဒီဇိုင်းများကို ရှင်းပြနေသည်။

နွေ့ မျက်နှာကို စိုက်ကြည့်နေရင်း လဝန်း ပြောလိုက်သည် ။

"ဒါ နွေကဗျာ အသစ်ဆွဲထားတဲ့ ဒီဇိုင်းတွေလား "

"ဟုတ်ကဲ့ MD "

အားလုံး၏ ရှေ့မှာမို့ နွေက ရို့ကျိုးစွာ ပြန်ဖြေသည် ။

" ဘာလို့ အရင် ဒီဇိုင်းတွေနဲ့ ဒီလောက်ကွာနေရတာလဲ ။ ဒီ ဒီဇိုင်းတွေသာ ထုတ်ရင် အရင် ဒီဇိုင်းတွေကို မမှီဘဲ ရောင်းအား ထိုးကျသွားမှာ သေချာတယ် "

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Where stories live. Discover now