Extra

12.8K 578 35
                                    

"ခွန်း "

ကျွန်တော်သိပ်ချစ်ရတဲ့ခွန်း
သူ ကျွန်တော့်စကားကိုနားထောင်တယ်
သူ ကျွန်တော့်ဆီပြန်လာပြီ

"CEO CEO"

"ဟင်"
ထိုအခါမှ ကျတော့်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ကျတော့်ကို နှိုးနေတဲ့ အတွင်းရေးမှူး

"CEO အဆင်ပြေရဲ့လား ခွန်းဆိုပြီး အော်နေလို့ အဆင်ပြေရဲ့လား"

ဒါဆို ကျတော်အိမ်မက်မက်နေတာလား
ဟင့်အင်း ဘယ်လိုလုပ် အိမ်မက်က အပြင်မှာဖြစ်သလို ခံစားနေရတာလဲ

"ခုနက ဓါတ်ပုံလေးကို ကြည့်ပြီး CEO အိပ်ပျော်သွားတာ ခနကြာတော့ ခွန်းဆိုပြီးယောင်နေလို့ ကျမလာနှိုးတာ "

"CEO အဆင်ပြေရဲ့လား "

"ကား အဆင်သင့်ပြင်ထား "
မဖြစ်ဘူး ခွန်းဆီသွားကြည့်ရမယ်

"ဟို MEETING ရှိတယ်"

"ဖျက်လိုက် "

ခွန်းလောက် ကျတော့်ဘ၀မှာ အရေးကြီးတာမရှိဘူး

"ဟုတ်ကဲ့"

ကျတော် ခွန်းဆီသွားခဲ့တယ်
ကျတော့်အိမ်မက်တွေ တကယ်ဖြစ်ပါစေ။
.
.
.
.
.
သို့သော် ကျတော့်အိမ်မက်တွေ မပြည့်ခဲ့
မြက်ပင်လေးတွေဝန်းရံထားတဲ့ အုတ်ဂူအဖြူလေးဟာ အထီးကျန်စွာ တည်ရှိနေတယ်

နာကျင်တယ် ကျတော်ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အခြေအနေတခုကြောင့် ကျတော်နောင်တရနေပါပြီ
ပြန်လာခဲ့ပေးပါ

"ခွန်းလေး ကိုယ်လာတယ် "

"ကိုယ့်ကို နာကျည်းနေလား ကလေး"

"ကိုယ့်ကိုခွင့်လွှတ်ဖို့မတောင်းဆိုတော့ပါဘူး
ကိုယ်တောင်းပန်ပါတယ် ကလေးရယ်"

"ဒီနေ့လေ ကိုယ်ခွန်းကို အိမ်မက်မက်တယ် ခွန်း ကိုယ့်ဆီပြန်လာတယ် သိလား "

"ခွန်းကလေ ကိုယ့်ကို ဦးလေးလို့ ခေါ်တယ်"

"ကိုယ်လေ ခွန်းကို သတိရတယ် ခွန်းရဲ့နောက်ဆုံးချိန်လေးကို ကိုယ်မမှီနိုင်ခဲ့ဘူး ကိုယ်တောင်းပန်ပါတယ် "

"ကိုယ်တောင်းပန်ပါတယ် ကလေးရယ်"

အုတ်ဂူရှေ့ဒူးထောက်ကာ ငိုကြွေးနေတဲ့ကောင်လေးကို နှစ်သိမ့်မဲ့ လူမရှိ

ကမ္ဘာတည်သရွေ့ (U+Z)Where stories live. Discover now