ကမ္ဘာတည်သရွေ့ (Unicode)(Final & Extra)

1.1K 20 0
                                    

"သေပေး"
အခုချိန်ထိ ကျတော့်နားထဲမှာ သူ့စကားသံတွေဟာ ကြားယောင်နေဆဲ
ူတစ်ချိန်က သိပ်ချစ်ပါတယ် ပြောခဲ့တဲ့ ရေးဟာ
အခုချိန်မှာ သေပေးပါတဲ့
ဘာလို့လဲ မင်းဘာလို့ငါ့စကားကိုနားထောင်မပေးတာလဲ
မင်းဘာလို့မယုံရတာလဲ
မင်းဘာလို့ တစ်ကိုယ်ကောင်းဆန်ရတာလဲ
မင်းကိုချစ်လို့ မင်းဖြစ်စေချင်တဲ့အတိုင်း လက်မှတ်ထိုးခဲ့ပေမဲ့
မင်းကတော့ ဒီလောက်နဲ့တင်မလုံလောက်ဘူးပေါ့

"Hk ရေးရယ် မင်းဖြစ်စေချင်တဲ့အတိုင်း ငါဖြစ်အောင်လုပ်ပေးမှာပါ
.
.
.
.
.
နှုတ်ဆက်ခဲ့ပါတယ် ရေး
မင်းငါသေတာကို ကြားရင် သိပ်ပျော်နေမယ်လို့ ငါထင်တယ် "

မြေပြင်ပေါ်ကျသွားပြီးတဲ့နောက်မှာ
အသက်ငွေ့ အနည်းငယ်သာရှိတော့တဲ့ ကောင်လေး

"ငါ.....က.......တိ.......တည်.......တယ်.......နော် ......ရေး"

စကားလုံးများကို နားထောင်သူမရှိပြောပြီးနောက်မှာ
ကျတော့်ကမ္ဘာလေး အမှောင်ကျသွားခဲ့တယ်

တိုက်ခေါင်မိုးပေါ်မှာလည်း ခေါက်လက်စ စာရွက်လေးတစ်ရွက်ဟာ အထီးကျန်စွာနဲ့ တည်ရှိနေတယ်

******
"ရေးးး"
အိမ်ထဲဝင်လာတာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်း ပုလင်းပေါင်းများစွာကြားထဲရောက်နေတဲ့ရေး

နံရံတွေမှာလဲ သွေးများဟာ စီးကျနေတယ်

ရေးကတော့ ကြမ်းပြင်မှာထိုင်လျက် ပုလင်းတခုကိုမော့သောက်နေတယ်

"ရေးး"

"ဘာလဲ"

"ခွန်းသလေ ခွန်းသ"

"သူ့အကြောင်းလာမပြောနဲ့"

"အရေးကြီးတယ် "

"ညဏ်မင်းထက် မင်းသူ့အကြောင်းပြောမယ်ဆိုရင် ထွက်သွားတော့"

"လွမ်းရေးထက် ခွန်းသ အခု ဆေး..."

*ခွပ်*

"မင်းပါးစပ်ပိတ်ထား"

"ရေး မင်းတစ်နေ့နောင်တရလိမ့်မယ်"

မင်းသိပ်ချစ်တဲ့ လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်တောင် မင်းမတွေ့လိုက်ရတာကို မင်းသိလာတဲ့ တစ်နေ့ ငါ့အပြစ်လို့ မပြောနဲ့ပေါ့

ကမ္ဘာတည်သရွေ့ (U+Z)Waar verhalen tot leven komen. Ontdek het nu