ကမ္ဘာတည်သရွေ့ (Unicode)(3+4+5)

835 25 0
                                    

"ရေး သားလေး"

"ဖေဖေ ဖေဖေ သတိရလာပြီ"

"ခွန်းသ "

"ဦးလေး ကျတော်ဒီမှာရှိတယ်"

"သားတို့ ဖေဖေကြောင့် စိတ်ပူသွားရပြီ"
သတိရရချင်း ဦးကျော်စိုးလည်း ရေးနက် ခွန်းသတို့ကို ပြုံးပြလိုက်တယ်

"ဖေဖေ ဘယ်လိုနေသေးလဲ သက်သာရဲ့လား"

"သက်သာပါတယ် သားရယ်"

"ဦးလေး ခနနော် ကျတော် ဆရာဝန်သွားခေါ်ပေးမယ်"
ခွန်းသ လည်း အခန်းထဲက ချက်ချင်းထွက်သွားတယ်

"ဖေဖေရယ် အဲ့လောက် စိတ်ကို ကုမ္ပဏီမှာ မနှစ်ထားပါနက်"

"အေးပါသားရယ် ဖေဖေ ရုတ်တရက်မို့ပါ"

"ဒါနက်ဖေဖေ ခုနက ကောင်လေးက ..."

"အော ခွန်းသလေးကလား သူက ဖေဖေ့ အတွင်းရေးမှူး ကုမ္ပဏီမှာ ဖေဖေပီးရင်သူအကြီးဆုံး သူကသိပ်တော်တာ သားရဲ့ မိဘတွေက မရှိကြတော့ဘူးလေ အဖွားတခု မြေးတခုပေါ့ အရမ်းလည်းရိုးသားတယ် အဲ့ဒါကြောင့် ဖေဖေက အားကိုးရတာပေါ့"

"အော သူ့နာမည်က ခွန်းသလား"

"အင်း စစ်ခွန်းသ "

* စစ်ခွန်းသ*
ရေးတဲ့ စိတ်ထဲကို အလိုလို ရောက်လာတဲ့ ခွန်းသ

************
"ဟူး... တော်ပါသေးရဲ့ "
ကျတော်လည်း ဖေဖေဆေးရုံတက်နေတာနက် အခုမှ နားရတော့တယ် ဒါတောင် ဟိုခွန်းသ က ဒီနေ့လူနာစောင့်ပေးမယ်ဆိုတာနက်

"ဟမ် လဝန်းကိုပြောရအုန်းမယ် "
ကျတော်မေ့နေတာ လဝန်းကို အကြောင်းစုံရှင်းပြရအုန်းမယ်
သေပြီ လဝန်းတော့ စိတ်ဆိုးနေတော့မှာပဲ

"ဟဲလို လဝန်း "

"ပြောပါ ကိုလွမ်းရေးထက်"

"ကိုယ်တောင်းပန်ပါတယ် "

"ရပါတယ် ကျမနက်ရှင် ဘာမှပတ်သတ်စရာအကြောင်းမှ မရှိတော့တာ "

"ကိုယ်အဲ့နေ့က. ..."

"မလိုဘူး ကျမ ရှင့်ရဲ့ မုသားစကားတွေကို အရူးတစ်ယောက်လို မယုံပါရစေနက်"

"ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ် bk ကို"

"တော်တော့ ကျမ ရှင့်ကို စိတ်ပျက်သွားပြီ ရှင့်ဆင်ခြေတွေကိုနားထောင် ရလောက်ထိ အချိန်မရှိဘူး "

ကမ္ဘာတည်သရွေ့ (U+Z)Where stories live. Discover now