ကမ္ဘာတည်သရွေ့ (Unicode)(9+10+11)

788 20 1
                                    

EP (9)

ရေးနဲ့ ဟိုကောင်မလေးနဲ့ အတူနေတာ ဒီနေ့ဆို တစ်ပတ်တောင်ပြည့်ပီ

အဲ့ကောင်မလေး နဲ့ ညတိုင်းအတူအိပ်တယ်

ကျတော့်အခန်းထဲကိုယောင်လို့တောင်မလာခဲ့ဘူး

မနက်ဆို ချစ်နေကြတဲ့အခန်းတွေက ကျတော့်အခန်းထဲကနေတောင် အတိုင်းသားကြားရတယ်

ဒီညလည်း ကုတင်ပေါ်မှာ လစ်လပ်နေတဲ့ နေရာငယ်လေးကို ဝက်ဝံရုပ်လေးကိုအစားထိုးကာ ကျတော်အိပ်ခဲ့ရတယ်

*ဒေါက် ဒေါက်*

"စစ်ခွန်းသ မင်းဘာလို့တံခါးလော့ချထားတာလဲ
မြန်မြန်ဖွင့်စမ်း "

"စစ်ခွန်းသ တံခါးဖွင့်စမ်း"

"စစ်ခွန်းသ"

"အင်း...."

"စစ်ခွန်းသ "

*ဒုန်း.. ဒုန်း...*

"အာ ရေး... "

ကျတော် ဆူညံသံကြောင့် နိုးလာခဲ့တယ်

ထိုဆူညံသံကို ရေးဆီကဆိုတာ မသိခဲ့

နောက်မှ ထပ်ကြားခဲ့ရတဲ့ ရေးအသံက ကြားတာနဲ့တင် သူဘယ်လောက်ဒေါသထွက်နေလဲဆိုတာ သိလိုက်ရတယ်

ကျတော်ကံဆိုးပီလေ

ကျတော်လည်း ပိုမဆိုးခင် ကုတင်ပေါ်ကမြန်မြန်ဆင်းကာ တံခါးဖွင့်လိုက်တော့

"မင်း ဘာလို့လော့ချထားတာလဲ"

"မနေ့က ငါမေ့သွားလို့ "

ဟုတ်ပါတယ် ကျတော်မနေ့ညက ရေးနက် ဟိုကောင်မလေးတို့ အခန်းရှေ့က ဖြတ်သွားတော့
တံခါးပိတ်မထားတာကြောင့် ကျတော် မြင်လိုက်ရတဲ့မြင်ကွင်း
ရေးကိုယ်ပေါ်မှာ ဟိုကောင်မလေးက နေရာယူကာ kissingဆွဲနေတာကို မြင်ရတော့ ကျတော့်နှလုံးသားက အောင့်တက်လာတယ်
ကျတော်လည်း အခန်းထဲဝင်ပီး လော့ချကာ ဝဲတက်လာတဲ့မျက်ရည်တွေကို ကုတင်ပေါ်မှာ ကျဆင်းခွင့်ပေးလိုက်တယ်

သူတို့မြင်ကွင်းကို ကျတော်ဘာမှမဖစ်သလိုကျိဖို့ဆိုတာ ကျတော် မှာ အဲ့လောက်သတ္တိမရှိသေးလို့ပါ

"မေ့တယ် ဟုတ်လား အေး မမေ့အောင် ငါလုပ်ပေးမယ်"

ကျတော့်လက်ကို အတင်းဆွဲကာ ကုတင်ပေါ်ကို စောင့်တွန်းလိုက်တယ်

ကမ္ဘာတည်သရွေ့ (U+Z)Waar verhalen tot leven komen. Ontdek het nu