(19)

6K 305 13
                                    

"ခွန်းရေ အဆင်သင့်ဖြစ်ရင် ကိုယ်တို့သွားကြရအောင်"

"ဟုတ် လာပြီ ရေး"

ကျတော့်ကလေးလေး ကျတော့်ထက်အသက်ကြီးတဲ့ကလေးလေး

သိပ်ချစ်ဖို့ကောင်းတာပဲ
မိုးပြာရောင်စပို့စ်ရှပ်လေးနဲ့ နက်ပြာရောင် ဒူးထက်ဘောင်းဘီလေးကို ၀တ်ထားတဲ့ကောင်လေး

ကျတော်ကတော့ စမတ်ကျကျ ၀တ်တတ်သလောက် ကျတော့်ကောင်လေးကတော့ ကလေးလေးလိုအမြဲဝတ်တယ်

ခွန်း ၀တ်စုံအပြည့်ဝတ်တဲ့နေ့ဆိုတာ အတော်ကို လက်ချိုးရေ ရမယ်

"ရေး လာသွားမယ်"

"အွန်း"

ကျတော်တို့၂ယောက် ကျတော့်ဖေဖေရှိရာကို ထွက်လာခဲ့တယ်

*****

*တီ တီ * ph ringtone

Contact name က လ၀န်း
ကျတော်လည်း ခွန်းကို အရင်ဝင်ခိုင်းပြီး ဖုန်းပြောဖို့ ခြံထဲထွက်လာခဲ့တယ်

"ခွန်း အရင်ဝင်နှင့် ကိုယ်အနောက်ကလိုက်ခဲ့မယ်"

"အင်းအင်း"

"ပြော လ၀န်း "

"ကျမဆီလာခဲ့ပါ ကျမရှင့်ကိုချစ်တယ်"

"မင်းမူးနေတာလား"

"မမူးဘူး ကျမဆီလာခဲ့ပါ"

"ငါမအားဘူး လ၀န်း ဒါပဲ"

ဟူးးးးး စိတ်ပျက်ဖို့ကောင်းလိုက်တာ ဘယ်လိုကောင်မလေးပါလိမ့်
လ၀န်းရာ မင်းကို ငါမချစ်တော့တာသိရင်သိပ်ကောင်းမယ်
ထိုစဉ်

*အားးးးးးးး*

"ဟမ် ဖေဖေ့အသံပဲ"

ကျတော်လည်းအသံလာရာ အိမ်ထဲကို အပြေးသွားလိုက်တော့

သွေးအိုင်ထဲမှာ လဲကျနေသော ဖေဖေ
လှေကားအပေါ်ဆုံးထပ်မှာ မတ်တပ်ရပ်နေတဲ့ခွန်း

"ဖေဖေ"

"ဖေဖေ သတိထားပါအုန်း သားကို ကြည့်ပါအုန်း"

"ရေးး "

"မထိနဲ့ ငါ့အသားကိုမထိနဲ့"

"ငါ...."

"ဆေးရုံကားအမြန်ခေါ်"

"အွန်းအွန်း"
ကျတော်အခုချိန်မှာ ဘာမှမကြားချင်ဘူး ကျတော့်လက်ထဲမှာ ၇ှိတဲ့ဖေဖေ့ကိုကယ်ရမယ်

ကမ္ဘာတည်သရွေ့ (U+Z)Where stories live. Discover now