စာကိုယ်​(၁)

Mulai dari awal
                                    

"ငါကနင့်​သူငယ်​ချင်းလား။ သူက နင့်​သူငယ်​ချင်းလား။ ဘာလို့ သူ့ဘက်​က ဝင်​ပါရတာလဲ။ "

ဒီသူငယ်​ချင်းမ ​စကား​ပြောရင်​ အ​ရှေ့အ​နောက်​မကြည့်​တတ်​ဘူးဘဲ။

တစ်​တန်းလုံးရဲ့ အာရုံက ကျွန်​မတို့ နှစ်​​ယောက်​ဆီ ကျ​ရောက်​လာတဲ့​နောက်​ ကျွန်​မ ရှက်​လွန်းလို့ အသား​တွေပါ တဆတ်​ဆတ်​တုန်​လာတယ်​။

တကယ်​ပါဘဲ။ ​ကိုးတန်း​နှစ်​ အတန်းစတက်​တဲ့ ​နေ့မှာဘဲ ပြသနာတက်​တာဘဲ။

နေရာက​နေထွက်​သွားဖို့ပြင်​လိုက်​စဉ်​မှာဘဲ အကျိုးနည်း ကျွန်​မရဲ့ မျက်​လုံးက သူထိုင်​​နေတဲ့​နေရာကို ကြည့်​လိုက်​မိတယ်​။

သူကျွန်​မကို ​သေ​သေချာချာကို ကြည့်​​နေတယ်​။အကဲခတ်​သလို ဟန်​မျိုးရ​နေတဲ့ အဲ့မျက်​ဝန်း​တွေကို ကျွန်​မ မနှစ်​မြို့လှဘူး။ 

လက်​ကျန်​မာန​လေးနဲ့ ကျွန်​မ မျက်​နှာထားကို ပိုပြီး တည်​တင်းပစ်​လိုက်​တယ်​။ ပြီး​တော့ အခန်းထဲက​နေ ခပ်​တည်​တညိနဲ့ ထွက်​သွားလိုက်​တယ်​။

အတန်းပိုင်​ဆရာမလည်း အစည်းအ​ဝေးတက်​​နေ​တော့ ကျွန်​မကို တားမယ့်​သူမရှိခဲ့။

💚

ကိုးတန်းနှစ်​မို့ အတန်းပိုင်​ဆီမှာ မတက်​ဘဲ အပြင်​ကျူရှင်​မှာဘဲ ကျွန်​မကို အိမ်​ကတက်​ခိုင်းတယ်​။ ကျွန်​မသူငယ်​ချင်း​တွေက ​ကျောင်းကျူရှင်​ဘဲ တက်​ကြ​တော့ ကျွန်​မမှာ တစ်​​ယောက်​တည်း ​ရှေ့ဆုံးတန်းမှာ ပျင်းတိပျင်း​လျော့နဲ့။

သူငယ်​ချင်း​လေး ရလိုရငြား
ဟိုကြည့်​ဒီကြည့်​လုပ်​​နေရင်း  ​နောက်​ဆုံးတန်း​တွေဘက်​ကို ကြည့်​လိုက်​မိတယ်​။ ကျွန်​မ မျက်​လုံး​တွေ စ​ကော​လောက်​ကို ဖြစ်​သွားတာဘဲ။

နောက်​ဆုံးတန်းမှာ ထိုင်​​နေတဲ့သူ။ ​ကျောင်းဝတ်​စုံမဟုတ်​​သော်​လည်း အမည်း​ရောင်​တီရှပ်​​ပေါ် အရိုး​ခေါင်းရုပ်​ပုံစံအင်္ကျီက သူနဲ့ တစ်​မျိုး ကြည့်​​ ​ကောင်း​နေတာဘဲ။

အကြင်​နာစစ်​ရင်​ (အကြင်နာစစ်ရင်)Tempat cerita menjadi hidup. Temukan sekarang