WHEN I FALL

16.7K 914 53
                                    

When I Fall ||Chanbaek||
Ost- When I Fall (After School)

" လမ်းခွဲရ​အောင်​ ... "

ဆုံ​နေကျ Cafeဆိုင်​​လေးတွင်​ နာရီဝက်​ခန့်​ နှစ်​​ယောက်​လုံးစကားမ​ပြောဖြစ်​ပဲထိုင်​​နေပြီး​နောက်​ ..
သူမထံမှပထမဆုံးထွက်​လာသည့်​စကား။

" နင်​​နောက်​​နေတာပါ "

ကျွန်​​တော်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးလိုက်​ပြီး ..
အမှန်​တရားကိုလက်​မခံနိုင်​​သောလူတစ်​​ယောက်​ကဲ့သို့ ငြင်းဆန်​မိ၏ ..

" ငါ့ပုံစံက ​နေုာက်​​နေတဲ့ပုံ​ပေါက်​လို့လားBaekHyun! "

" အရင်​ကလို ..ကို..ဆိုပြီး​ခေါ်ပါဦးလား !!! "

" အ​ခြေအ​နေ​တွေကအရင်​ကအတိုင်းမှမဟုတ်​​တော့တာ ... "

မျက်​လုံး​သေ​တွေဖြင့်​ ...
တည်​ငြိမ်​စွာ သူမဆိုလာသည်​..

" ဘာ​တွေများကွာခြားသွားလဲ !
ငါနင့်​ကိုချစ်​တယ်​.. နင်​လဲငါ့ကိုချစ်​.. "

" ငါနင့်​ကိုမချစ်​​တော့ဖူး !! "

ကျွန်​​တော့်​စကား​တောင်​မဆုံး​သေး ..
ဖြတ်​​ပြောလာသည့်​ သူမစကားကို
နား​ထောင်​ရင်း​သွေးပျက်​ချင်​လာသည်​။

" နင်​လိမ်​​နေတာ YoungMi "

" ငါ့ပုံစံကလိမ်​​နေတဲ့ပုံ​ပေါက်​လား ..
နင်​အသိဆုံးပါ ငါကလိမ်​ရင်​သိသာတယ်​​လေ "

သူမထံတွင်​ လိမ်​ထားတဲ့သူတစ်​​ယောက်​ကဲ့သို့ ..
ပြာယာခတ်​​နေသည့်​မျက်​ဝန်း​တွေမရှိ ..

" ငါ .. ငါဘာ​တွေများမှားခဲ့လို့လဲ ...
နင်​မကြိုက်​တဲ့ဟာ​တွေငါအကုန်​ပြင်​​ပေးခဲ့တာပဲ "

ကျွန်​​တော့်​ထံမှ တိုးလျစွာဆိုလာ​သောစကား​ကြောင့်​ သူမသက်​ပြင်းချသည်​။ ... ထို့​နောက်​ ကျွန်​​တော့်​ကိုသနား​သောမျက်​ဝန်း​တွေဖြင့်​ကြည့်​လာ၏ ..

ထို​မျက်​ဝန်း​တွေကို ကျွန်​​တော်​မကြိုက်​ပါ ။

" နင်​မမှားပါဖူး ... ဒါ​ပေမဲ့ဟာ ..
ငါမှနင့်​ကိုမချစ်​​​တော့တာ ။ ငါသူ့ကိုပဲချစ်​တယ်
နင့်​ကိုငါခဏတာ စိတ်​ကစားတာဖြစ်​မှာ။
ငါ့ဘဝမှာသူ့ကိုပဲချစ်​​တော့တာ .. "

WHEN I FALLWhere stories live. Discover now