Icy Puppy 🐶 《final》

4.7K 702 171
                                    

" မင်း ဒီလိုဆက်လုပ်နေမယ်ဆို ငါ စာသင်မပေးတော့ဘူး "

စာအုပ်ကိုပစ်ချပြီး ပြောလာသည့်သူ့ စကားကြောင့် ဒုန်းခနဲ သွေးဆောင့်တိုး သွားသည်..

" ဘာာ.. ဘာလို့လဲ ? ငါ ဘာလုပ်မိလို့လဲ ? "

" မင်းဖြေထားတာအကုန်အမှားချည်းပဲ
... စာ အာရုံမရှိတဲ့အပြင် .. ဟင်းး
ဒီလိုသာ ငါ့ကို ဆက်ပြီး စိုက်ကြည့်နေမယ်ဆိုရင် ငါမင်းကို စာမပြပေးတော့ဘူး .. "

Aww ဒါကြောင့် သူ စိတ်ရှုပ်သွားတာကိုး ~~ hee ..

" အေး.. အေးပါ ငါစာသေချာလုပ်ပါ့မယ်~ မင်းကိုလည်း မကြည့်တော့ဘူးနော် ~ "

ချော့မော့ပြောလိုက်တော့ သက်ပြင်းလေးချပြီး

" ဒါတွေအကုန် မှန်နဲ့အထိတွက်ထား ဒီနေ့ ဒီလောက်ပဲ "

လွယ်အိတ်ကလေးဆွဲကာ ထွက်သွားဖို့ပြင်နေသည့် သူ့လက်ကို အမြန်လှမ်းဆွဲထားလိုက်ပြီး

" ဘယ်သွားမလို့လဲ ? "

" ကိစ္စရှိလို့ ငါအရင်ပြန်နှင့်မယ်.. မနက်ဖြန် ဒါတွေမပြီးရင် နောက်ထပ် မင်းကို ဆက်မသင်တော့ဘူး "

ခြိမ်းခြောက်စကားဆိုကာ ထွက်သွားသည့် သူ့နောက်လိုက်သွားချင်ပေမယ့် လိုက်သွားရင် စိတ်ဆိုးဦးမယ်...
အရင်ကထက်ပိုပြီးစကားတွေပြောဖြစ် ပေမယ့် စာအကြောင်းက များသည်..
ကျွန်တော့ဘက်က အသည်းအသန် ဖြစ်နေပေမယ့် သူ့ဘက်က နည်းနည်း လေးတောင် စိတ်ဝင်စားမှု မရှိတဲ့ပုံ...

" Baek Hyunee မင်း ဘာလို့ အေးတိအေးစက်နေနိုင်ရတာလဲ ? "

" ဘာတွေလာပြောနေတာလဲ ? "

ကျွန်တော်တွက်ထားသည့် ပုစ္ဆာတွေကို စစ်ဆေးနေတဲ့သူ့မျက်နှာလေးငေး မောကာ နေမိသည်...

" မင်း သိတယ်မလား ? ငါ မင်းကို စိတ်ဝင်စားနေတာ "

သူ့ဘက်က ဂရုမပြုဟန်သာပြသည်..

"ငါ့ကိုဘာလို့သဘောမကျရတာလဲ?
ငါ ရုပ်မချောလို့လား? အရပ်ရှည်နေလို့လား ?
ငါ ယောကျာ်းတစ်ယောက် ဖြစ်နေလို့လား?
ဒါမှမဟုတ် ငါနဲ့ပတ်သက်ပြီး မင်း မကြိုက်တာရှိလား ?.. ငါ မင်းမကြိုက်တာတွေကို ချက်ချင်းပြင်ပေးနိုင်တယ် ~~ "

Icy Puppy 🐶Wo Geschichten leben. Entdecke jetzt