Icy Puppy 🐶 《1》

5.8K 600 76
                                    

" တကယ်တော့ 0 ဆိုတာတန်ဖိုးမရှိဘူး ထင်ရပေမယ့် ကိန်းဂဏန်းတွေရဲ့ တန်ဖိုးက သူပါမှ ပိုပို မြင့်လာတာကွ !!
ဥပမာ ပိုက်ဆံ လိုပေါ့ကွာ ... "

" အဲ့တော့ ~~ ? "

အားသွန်ခွန်စိုက် စိတ်ခွန်အားရအောင် ပြောပြနေသည့် Chanyeol မှာ သူ့ရှေ့က ထိုင်ကာ နားထောင်နေသည့် Kai ဆီမှ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာသည့် စကားတစ်ခွန်းကြောင့် ရှေ့ဆက်ရမည့် စကားတွေ ပျောက်ရှသွားသည်...
ထို့အတူ ပြောနေသည်ကို စိတ်မဝင်စား Game မှာ အာရုံရောက်နေသည့် Oh Sehun ကြောင့် ရှိစုမဲ့စု အင်အားတွေ ပျောက်ရှ ~~~....

သုံးစားမရတဲ့ကောင်တွေ !!

" ဘာဖြစ်ရမှာလဲ ?? ဒါ ငါ့ဘဝနဲ့ အတူတူပဲကွ .. ငါ့ကို လူတွေက 0 လို့ထင်ချင်ထင်ကြမယ် တကယ်တော့ ငါရှိမှ သူတို့တန်ဖိုးမြင့်မယ်ဆိုတာ နလပိန်းတုန်းတွေက မသိဘူး !! "

" သောက်ပိုတွေမပြောပါနဲ့ကွာ ...
Gameဆော့ရတာအာရုံနောက်တယ်...
မင်းဘာကိုဆိုလိုချင်တာလဲ ငါတို့နားမလည်ဘူး ... ကိုယ့်ဘာသာ စောင့်စရာရှိတဲ့လူကို ပါးစပ်ပိတ်ပြီး စောင့်နေ !! "

Sehun စကားကကြောင့် ဒေါသထွက်ရပေမယ့် ... သူတို့လို နလပိန်းတုန်းတွေက ပြောလည်း နားမလည်တဲ့ကောင်တွေဆိုတော့ စိတ်သာလျော့လိုက်သည်..

ဒီနေ့ကျမှ ဘာလို့နောက်ကျနေရတာလဲ?
အခန်းဝဆီ မျှော်ကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချမိသည်..
မျက်နှာလေးကိုမြင်ချင်နေပြီ ~~

မျှော်ကြည့်နေသည့် အချိန်မှာပင် မြင်ကွင်းထဲပထမဦးစွာ ဝင်လာသည့်
ပုပုသေးသေးအရိပ်ကလေးကြောင့် ရင်ခုန်သံလှိုက်ခနဲ ~~
ဖြူဥဖွေးဆွတ်နေသည့် မျက်နှာလေး
ရင်ကိုအေးမြစေတာမှ ရေခဲပြင်အလား ~
တစ်ဦးတစ်ယောက်ကိုမှ ဂရုမစိုက်ပဲ တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး သူ့ခုံနေရာလေးမှာ ဝင်ထိုင်လိုက်တယ် ဆိုရင်ပဲသူ့ဆီလွှားခနဲပြေးသွားမိသည်..

" Baek Hyunee ~~ "

စားပွဲလေးပေါ် မေးလေးထောက်ပြီး အစွမ်းကုန်ပြုံးဖြီးကာ ချိုသာချွဲပစ်အီစိမ့် နေသည့် အသံလေး ပြုလိုက်တော့ သူ့အကြည့်တွေ ဆိုက်ရောက်လာသည်...

Icy Puppy 🐶Where stories live. Discover now