အကြည့်ချင်းဆုံ ရင်ခုန်ရမည့်အစား~~
ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလို ~~
သူ့အကြည့်တွေက အရမ်းကိုအေးစက်လှသလို ...
သူ့အပြုအမူတွေကလည်း အေးတိအေးစက်နိုင်လှတယ်...
ဒါကလည်း လူတိုင်းကို ဆက်ဆံတတ်တဲ့ သူ့အကျင့်လေ ~~
ဒါကလည်း ကျွန်တော့နှလုံးသားကို ရေခဲရိုက်သိမ်းပိုက် လိုက်တဲ့ အချက်တွေပဲပေါ့ ....

လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြီးစားပွဲပေါ်မေးထောက်ထား သည့်လက်ကိုဖုန်းခနဲဖြတ်ရိုက်လိုက်
ကာ..

" ဖယ်တော့ .. Sam လာတော့မယ် "

ဘယ်လောက်ပဲ အေးတိအေးစက်နိုင်ပေမယ့် နားဝင်ချိုစေတဲ့အသံလေးကို ကြားလိုက်ရပြီမလို့တစ်နေ့တာအတွက်ခွန်အားတွေရခဲ့ပြီ !!! အဟိ ~~
ချစ်သူအလိုကျသူ့ရှေ့ကနေထွက်မ
သွားခင် အဝေးကနေပဲ ပါးပြင်လေးကို
မွ ခနဲအသံထွက်ကာ အနမ်းလေးပေး လိုက်တော့ ဘေးခုံက သူတွေက မှတ်ချက်ပေးလာတယ် ~~~

" သောက်ခွက်ပြောင်တဲ့ .. နှာဘူး "

အဟင်း .. ဟင်း စိတ်မဆိုးပါဘူး ~
မနာလိုလို့ ပြောကြတာပဲ ဒီက Park Chanyeol ကြီးက သဘောထားပြည့်ပြည့်ဝဝနဲ့ နားလည်တာပေါ့ ...

တိုက်ပွဲတစ်ရာအောင်နိုင်ပြီးပြန်လာ သောစစ်သူကြီးပုံစံနှင့်လမ်းလျှောက်
လာသည့်Park Chanyeolကို သောက်မြင်ကတ်လွန်းလို့ Kai တစ်ယောက် သူ့အနားက အဖြတ် တင်ပါးကို ဆောင့်ကန်လိုက်လေသည်..
ခံရတဲ့သူကတော့ ပြုံးပြုံးကြီးနဲ့ ...

" တက္ကသိုလ်ဝင်တန်းဖြေဖို့ နီးလာပြီ ဆိုတော့ Sam ကတော့မင်းတို့အားလုံး ကို ပိုပြီးကြိုးစားစေချင်တယ်...
အမှတ်ကောင်းတဲ့သူက ကောင်းသလို ဆက်ကြိုးစားပြီး... အမှတ်မကောင်းတဲ့သူတွေက တက္ကသိုလ်ကောင်းကောင်း ရဖို့ အစွမ်းကုန်ကြိုးစားရမယ် ...
ဟိုကောင် Park Chanyeol !! ငါပြောတာကြားလား ?? "

ဆုံးမစကားတွေထဲ ကြားက ကပ်ပါလာသည့် အမည်နာမကြောင့် အတန်းထဲက လူတွေအကုန်လုံး Chanyeol ရှိရာဆီ အကြည့်တို့ ရောက်လာသည်...
အဲ့ထဲမှာBaek Hyunပါမလာသော ကြောင့် Chanyeol စိတ်မကောင်းဖြစ်နေမိသည်...
ဒါကို ဆရာက သူပြောတာ လွန်သွားပြီ ထင်ပြီး အားနာစွာနှင့်

Icy Puppy 🐶Where stories live. Discover now