သူ့စကား​ကြောင့်​ Chanyeolပြုံးသည်​...။

အသက်​မပါတဲ့ နွမ်းလျလျအပြုံး​တွေကို မြင်​ရ​တော့ Baekhyuneeစိတ်​မ​ကောင်းပါ...။

"အဲ့ဒါက Baekက​လေး ခံယူချက်​​လေ..၊ကိုယ်​က​တော့ က​လေး ကိုယ့်​ဘ၀ထဲလှမ်းလာရင်​ မ​တောင့်​မတ​နေရ​အောင်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ အဲ့ကိန်းဂဏန်း​တွေ များသထက်​များ​အောင်​ ကြိုးစားလာတာ..."

ခပ်​​လျော့​လျော့အပြုံး​တွေနဲ့ သူ့စကားကြားရ​တော့ Baekhyunပါးပြင်​နှစ်​ဖက်​ ​နွေး​ထွေးသွားသလို ရင်​ဘတ်​ထဲတွင်​လည်း လှိုင်းလုံးများ ပုတ်​သွား​ချေပြန်​ပြီ...။

"Arssi...စကား​တွေနဲ့ချည်​တယ်​​ပေါ့..."

ခနဲ့တဲ့တဲ့စကား​ကြောင့်​ Chanyeol သ​ဘောတကျနှင့်​ အသံထွက်​ရယ်​လိုက်​မိသည်​...။

ကောင်​​​လေးဟာ သူ့ကို တ​နေ့ပြီးတ​နေ့ရူး​အောင်​ ပြုစား​နေတာက...

"ဆိုပါဦး...ကျ​နော့်​ ကို ဘယ်​​နေရာမှာ မြင်​ဖူးပြီး ဘယ်​လို စွဲလမ်းသွားတာလဲ??ကျ​နော်​ဖြင့်​ Mr.Parkကို မသိ​ပေါင်​.."

ဒီတစ်​ခါ​တော့ Baekhyuneeရှက်​မ​နေဘဲ တရားဝင်​ ပွင့်​ပွင့်​လင်းလင်း ​မေးချပစ်​လိုက်​သည်​...။ဒီ​မေးခွန်းရဲ့ အ​ဖြေကို​တော့ သူ တကယ်​ စိတ်​၀င်​စားပါသည်​...။

"အင်း....ကိုယ်​ Baekက​လေးကို ဘယ်​မှာမြင်​ဖူးတာလဲဆို​တော့....."

ချက်​ချင်းမ​ဖြေ​သေးဘဲ ဆိုင်းတွဟန်​​ဆောင်​​နေသည့်​ လူကြီးက Baekကိုအ​ခေါ်အ​ဝေါ်​ပြောင်းသုံးတာ သတိထားမိသည်​...။စ​တွေ့ကတည်းက Baekhyunee ​ခေါ်တတ်​တဲ့သူက AnNa​ခေါ်ပြီးကာမှ Baekက​လေးဟူ၍ ​ပြောင်းလဲ​ခေါ်သည်​ကို Baekhyunသတိထားမိသည်​..။

ကြည့်​ရသည်​မှာ...Baekhyun ကို အခြားသူ​တွေနှင့်​မတူဘဲ သူတစ်​​ယောက်​သာလျှင်​ သီးသန့်​အ​ခေါ်​ခေါ်ချင်​ခဲ့သည်​​နေမှာ...။

ထိုသို့ ​တွေးပြန်​​တော့လည်း Baekhyunee ​နောက်​တကြိမ်​ လှိုင်းပုတ်​ခံရပြန်​သည်​...။

"က​လေးကို ကိုယ်​ စမြင်​ဖူးတာ WoYoungရဲ့ ဖုန်းထဲက​နေ..."

ကြားလိုက်​ရတဲ့ အမည်​နာမ​ကြောင့်​ Baekhyun မျက်​​မှောင်​ကြုတ်​လိုက်​မိ၏..။

결정(Gyeoljeong){Mini-fic:Completed}Where stories live. Discover now