Part--1

7.5K 690 20
                                    

"သတ်​ပစ်​ချင်​လိုက်​တာ!!"

လွယ်​လာ​တဲ့အိတ်​ကို စားပွဲခုံ​ပေါ် "၀ုန်း!"ကနဲ အသံထွက်​​အောင်​ ပစ်​တင်​လိုက်​ရင်း စိတ်​ဆိုးမာန်​ဆိုး​ ​အော်​လာသည့်​ Baekhyunအသံ​ကြောင့်​ ​ပြောင်းဖူး​စေ့ခုနစ်​​စေ့တန်း​အောင်​​ခြွေချပြီး အ​ကြောင်းမရှိ ထိုင်​ရယ်​​နေကြတဲ့ သူငယ်​ချင်းဖြစ်​သူSehunနဲ့Suhoရဲ့ ရယ်​သံကလည်း တိကနဲ ရပ်​သွားရှာသည်​..။

အတန်းထဲက ​ကျောင်းသူ/သား​တွေရဲ့ အကြည့်​​တွေကလည်း ​နောက်​ဆုံးတန်းက Baekhyunတို့ သုံး​ယောက်​ဆီ...။

"တမနက်​ခင်းလုံး အတန်းမတက်​ဘဲ..အခုမှ ​ရောက်​လာပြီး​တော့ ​ဟောင်​ဖွာ​ဟောင်​ဖွာ လာမလုပ်​နဲ့..၊အဲ့လိုလုပ်လို့ ခွင့်​လွှတ်​မယ်​များထင်​​မ​နေနဲ့..​နော့.."

"​အေးဆို.."

ကိုယ့်​သူငယ်​ချင်း စိတ်​ဆိုးလာရသည့်​အ​ကြောင်းကို မ​မေးဘဲ မနက်​ခင်း​ကျောင်းမလာတာကိုသာ စိတ်​​ကောက်​မာန်​မဲလာသည့်​ Suhoနဲ့​ထောက်​ခံလာသူ Sehunကို Baekhyun ထုသတ်​ပစ်​ချင်​မိသည်​...။

"ငါ လူသတ်​ချင်​​နေတာ​နော်​..​."

ဒေါသကိုမြိုချလိုက်​ကာ ​နေရာမှာ ၀င်​ထိုင်​ရင်း Baekhyun​ပြောလိုက်​​သော်​ငြား အနှီလူသားနှစ်​​ယောက်​က​တော့ မဲ့ကာရွဲ့ကာနဲ့ ​စားပွဲခုံ​ပေါ်​ခြွေချထားတဲ့ ​ပြောင်းဖူး​စေ့​တွေကိုသာ ​ကောက်​စား​​နေ​လေရဲ့...။

"ညစ်​ပတ်​ချက်​.."

စာ​ရေးစားပွဲ​ပေါ် အခင်းမခင်း စာရွက်​မခံနဲ့ ​အရှိအတိုင်းသာ မုန့်​တင်​စား​နေ​သော သူငယ်​ချင်းနှစ်​​ယောက်​ကို Baekhyun ခနဲ့လိုက်​​သော်​ငြား သွယ်​လျတဲ့လက်​​ချောင်း​တွေက​တော့ စားပွဲခုံ​ပေါ်က ​ပြောင်းဖူး​စေ့​တွေဆီ လှမ်းယူပြီးသား..

"ဘာဖြစ်​လာတာလဲ??"

Baekhyunပါးစပ်​ထဲ ​ပြောင်းဖူး​စေ့အ​စေ့၂၀​ကျော်​​နီးနီး ၀င်​သွားပြီးကာမှ ​မေး​ဖော်​ရလာသည့်​ Suhoကို Baekhyun​ ရွဲ့သည့်​အ​နေဖြင့်​ ကျေးဇူးတင်​အပြုံး​လေး ပြုံးပြလိုက်​မိသည်​..။Sehunက​တော့ ​ကျန်​​နေ​သေးသည့်​ ​ပြောင်းဖူး​စေ့​တွေကို အကုန်​သိမ်းကျုံးကာ သူ့ပါးစပ်​တွင်း သွတ်​သွင်း​နေ​တာက အီသီယိုးပီးယားက က​လေးငယ်​လိုလို...။

결정(Gyeoljeong){Mini-fic:Completed}Where stories live. Discover now