Part--3

4.4K 560 6
                                    

"အဲ့​တော့ ကားမရ​တော့ဘူး..ဆိုတဲ့ သ​ဘော​ပေါ့.."

ဝင်​လုလု​နေမင်းကြီးဆီ မမှိန်​မသုတ်​ လှမ်းကြည့်​​နေရာမှ Baekhyun ​ခေါင်းငြိမ့်​ပြလိုက်​​သောအခါ Chanyeolက သူ့ဆီက​နေ အကြည့်​လွှဲသွားပြီး ခပ်​တိုးတိုးရယ်​လာရှာသည်​..။

ခြောက်​ကပ်​ကပ်​ရယ်​သံ​ကြောင့်​ Baekhyun , Chanyeolကို ကြည့်​လိုက်​မိသည်​...။

အ​နောက်​ဘက်​ဆီက ​နေမင်းရဲ့အ​ရောင်​ပြန်​မှု​အောက်​မှာ ဒူး​ထောင်​ကာ ထိုဒူး​ပေါ် လက်​တင်​ထိုင်​​နေတဲ့ အနာဂါတ်​ခင်​ပွန်း​လောင်းရဲ့ ဟန်​ပန်​ဟာ Baekhyunရဲ့ အာရုံကို အပြည့်​အ၀ကို ​ဆောင်​ယူထားနိုင်​သည်​အထိ စွမ်း​ဆောင်​နိုင်​လွန်းသည်​...။

မြစ်​ပြင်​ကျယ်​ကို ဖြတ်​ပြီး တိုက်​ခတ်​​လာတဲ့ ​လေအရှိန်​​ကြောင့်​ Baekhyunဆံနွယ်​ဖြူဖြူတို့ ယိမ်းပွသွား​ပေမယ့်​ ထိုလူသားရဲ့ ​သေသပ်​စွာဖြီးလိမ်းထားတဲ့ hair styleက​တော့ နိုင်​ငံခြားဖြစ်​ ဂျယ်​လ်​အစွမ်း​ကြောင့်​ နည်းနည်း​လေး​တောင်​ ပွမသွားသည်​ကိုလည်း Baekhyunee မနာလိုအူတိုစွာ ​ငေးကြည့်​မိပြန်​သည်​..။

"ဒါဆို...Baekက​လေးက ကိုယ့်​ကို Martinတစ်​စီး​ကြောင့်​ လက်​ထပ်​မယ်​​ပြောတာ​ပေါ့.."

ဤသတ်​မှတ်​ချက်​ကြီးသည်​ အပြည့်​အ၀ကြီး​တော့ မမှန်​ပါ​လေ...။

"ကျ​နော်​ မယူ​တောင်​ ခင်​ဗျားကြီးက ယူမှာပဲ​လေ..၊အဲ့ဒါ​ကြောင့်​ ကား​လေးတစ်​စီးအတွက်​နဲ့ ကျ​နော်​ အိမ်​​ထောင်​သည်​ဘ၀ထဲ ​ခြေစုံပစ်​၀င်​လိုက်​တယ်​..လို့ လာမ​ပြောနဲ့.."

မ​ကျေနပ်​စွာပင်​ မာနအခံ​လေး​ကြောင့်​ Baekhyunee စိတ်​ဆိုးစွာ ရန်​​ထောင်​လိုက်​မိသည်​...။

ကားတစ်​စီးအတွက်​နဲ့ အိမ်​​ထောင်​ပြုခြင်းကြီးကို လက်​ခံ​သော လူစားထဲတွင်​ Baekhyunမပါပါ...။

"HaHaHa...ဟုတ်​ပါပြီကွာ...၊စိတ်​မ​ဆိုးပါနဲ့...၊ကိုယ်​က ဒီကိစ္စ​တောင်​ Baekက​လေး​ပြောလို့ သိရတာပါ..၊အန်​တီက လက်​​ဆောင်​​ပေးမယ်​​ပြောတာ​ပေါ့..ကိုယ့်​ကိုယူရင်​​လေ..၊အဲ့လိုလား??"

결정(Gyeoljeong){Mini-fic:Completed}Where stories live. Discover now