Part--2

4.3K 596 10
                                    

"သူငယ်​ချင်း​တွေနဲ့ လည်​တာ ​ပျော်​ခဲ့ရဲ့လား Baekhyunee.?"

အခန်း​ထောင့်​စင်​​ပေါ်က စက်​ရုပ်​​လေးကို ပြုံးကြည့်​​နေရာက​နေ ရုတ်​တရက်​လှည့်​ကြည့်​ပြီး ​မေးလာတာ​ကြောင့်​ Baekhyun သူ့ကို​ငေးကြည့်​​နေရာမှ မျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​ လုပ်​လိုက်​ကာ ကိုယ်​ဟန်​ဖို့လိုက်​ရင်း...

"ဟမ်​??​အော်​..အင်း..​ပျော်​တယ်​..​ပျော်​ခဲ့တယ်​.."

ယောင်​နန​ဖြေလာသည့်​ Baekhyunကိုကြည့်​ပြီး Chanyeol ပြုံးလိုက်​မိသည်​...။

ကောင်​ငယ်​​လေး အရမ်းချစ်​ဖို့​ကောင်းသည်​...။

"Ohhh.....ပင်​ပန်းလိုက်​တာ..."

Baekhyunစာကြည့်​စားပွဲက ဆုံလည်​ကုလားထိုင်​​ထက်​ ၀င်​ထိုင်​လိုက်​ရင်း Chanyeolငြီးလိုက်​မိသည်​...။Baekhyunသည်​လည်း ကုတင်​​ခြေရင်းစွန်း ထိုင်​​နေရာမှ Chanyeolကို ကြည့်​​ရင်း စိတ်​ထဲ​တွေး​နေမိတာက...

နောက်​ရက်​ Suhoအပု​လေးကို ​ပြောရမည်​.."ငါ့ဘဲကြီးက အသံလည်း​ကောင်းသလို ရုပ်​လည်း​ချောတယ်​.."..ဟူ၍..။

Chanyeolက​တော့ ဆုံလည်​ကုလားထိုင်​ကို ဘယ်​ညာခပ်​​ဖြေး​ဖြေးရမ်းကာ ထိုင်​​နေရင်း Baekhyunအခန်း​လေးကို ကြည့်​​နေ​လေရဲ့...။

"ဟို...Chanyeol ssi..."

မ၀ံ့မရဲ​ခေါ်လာသည့်​ Baekhyunကို Chanyeolလှမ်းကြည့်​လိုက်​ပြီး ပြုံးပြလိုက်​​တော့ Baekhyun..tskခနဲ ကျွတ်​စုပ်​လိုက်မိသည်​..။

လူကိုအမြဲတမ်းပြုံးကြည့်​​နေ​တော့လည်း ကြာ​တော့ Baekhyunမ​နေတတ်​​တော့ပါ...။

"လူကို နာမည်​​ခေါ်ပြီး မ​ကျေနပ်​​ကြောင်းတမင်​ပြတာလား Baekhyunee..."

နားမလည်​တဲ့ပုံနှင့်​ ​မေးလာ​သော ခင်​ပွန်းအ​လောင်းအလျာကြီးကို Baekhyun မ​ကျေမနပ်​ပြန်​ကြည့်​လိုက်​ကာ...

"မ​ကျေနပ်​တာ​တော့ မှန်​တယ်​!ဒါမယ့်​ ခုtskသပ်​တာက ခင်​ဗျားက ကျ​နော့်​ကို အမြဲပြုံးပြုံးကြီးကြည့်​ကြည့်​​နေ​တော့ ​နေရခက်​လို့!!"

အသည်း​ပေါက်​စွာပင်​ Baekhyunရန်​​ထောင်​လိုက်​မိ​ပေမယ့်​ Chanyeolက​တော့ ယခင်​အတိုင်း ခပ်​ပါးပါးအပြုံး​လေးနဲ့..

결정(Gyeoljeong){Mini-fic:Completed}Where stories live. Discover now