ဆူပုပ်​စွာအကြည့်​လွှဲ​နေ​သည့်​ Baekhyunမျက်​နှာဆီ မရမက ငုံ့ကြည့်​ရင်း ​ပြောလာသည့်​ Chanyeol အ​မေးစကားကို သူ​ခေါင်းငြိမ့်​ကာ ​ဖြေ​ပေးလိုက်​မိသည်​..။

"ဒါဆိုရင်​​တော့...Baekက​လေး ကားရ​နောက်​ကျသွားပြီပဲ..၊ကိုယ်​တို့Wedding​နောက်​ဆုတ်​လိုက်​လို့​လေ.."

"Huk...Martinတစ်​စီး​လောက်​က​တော့ U.Sက ကျ​နော့်​ မမကြီးဆီ လှမ်းချွဲ​လိုက်​ရင်​ရတယ်​.."

တစ်​နယ်​​မြေခြားမှာ အိမ်​​ထောင်​ရက်​သားကျ​နေသည့်​ အကြီးဆုံးအမသည်​ Byun​လေး ဘာပူဆာပူဆာလက်​ခံလိုက်​​လျော​ပေးမည်​သာ....

ရေနံတွင်းတစ်​ချို့ နဲ့ ပုဂ္ဂလိက ဓာတ်​ဆီဆိုင်​ ​တော်​​တော်​များများကို ပိုင်​ဆိုင်​သူရဲ့ အိမ်​​ထောင်​ရှင်​မဖြစ်​​နေသည့်​ မမကြီးက Baekhyuneeတို့ Byunမိသားစုထက်​ မဆိုသ​လောက်​​လေး ပိုက်​ဆံပိုရှိ​လေသည်​...။

ခင်​ပွန်းဖြစ်​သူကလည်း ကိုယ့်​ကိုဆို ညီအရင်းတစ်​​ယောက်​လိုကို အလိုလိုက်​အကြိုက်​​ဆောင်​​ပေး​တော့ Baekhyunတို့ ချွဲနွဲ့မှုကU.Sထိ ​နယ်​ချဲ့ပြီးသား...

"ကိုယ်​ ၀ယ်​​ပေးမယ်​ ဆိုရင်​​ရော??"

ထောင်​ထားသည့်​ ဒူးနှစ်​​ချောင်း​ပေါ် လက်​တင်​ကာ ​ခေါင်း​စောင်းအိပ်​ချလိုက်​ပြီး Baekhyunဘက်​ လှည့်​အိပ်​ရင်း ​မေးလာ​သော Park Chanyeolကို ကြည့်​လိုက်​ကာ Baekhyun ​ခေါင်းခါရမ်းလိုက်​မိသည်​..။

"လက်​ခံစရာလား??ကျ​နော်​ နဲ့ သူနဲ့က ဘာပတ်​သက်​မှုမှ မရှိ​သေးဘဲ...."

"ပိုးပန်း​ကြေးဆိုရင်​​ရော??Baekက​လေး ကိုယ့်​ကို ​ကြွေလာ​အောင်​​လေ.."

မျက်​ခုံးပင့်​ပြရင်း ​မေးလာသူ​ကြောင့်​ Baekhyun သ​ဘောတကျ ​ခေါင်း​မော့ရယ်​လိုက်​​တော့ အနှီလူသားက နားမလည်​ဟန်​နဲ့​ငေးလာ​သေး...

"Chanyeolရဲ့ ကြွယ်​၀မှု​တွေကြားရုံနဲ့တင်​ လူတကာ​ကြွေဆင်းပြီးသားပါ..၊ဒါမယ့်​လည်း...Byun Baekတို့က စာရွက်​​ပေါ်က ကိန်းဂဏန်း​တွေနဲ့ အချစ်​တစ်​ခုတည်​​ဆောက်​မှာ မဟုတ်​ဘူး..."

결정(Gyeoljeong){Mini-fic:Completed}Where stories live. Discover now