" ဝန်​ထမ်းကတ်​​ မပါလို့ လား "

ထွက်​​ပေါ်လာတဲ့သူ့အသံက လုံးဝကိုကွဲပြား​နေသည်​။
အထက်​လူကြီးပီပီ အသံကအမိန့်​အာဏာအပြည့်​နှင့်
ဟိန်းထွက်​လာ​တော့သည်​။ ထိုမြင်​ကွင်းကနည်းနည်း
တော့လန့်​စရာ​ကောင်း​နေသည်​လို့ဆိုရမည်​။ဝန်​ထမ်း
သစ်​တ​ယောက်​က ဝန်​ထမ်းက​တ်​​မေ့ကျန်​ခဲ့လို့ သူ​ဋ္ဌေး
ရဲ့ဆူ​ငေါက်​ခြင်းကိုခံရ​တော့မည်​​လေ။

" ဟုတ်​ ဟုတ်​ကဲ့ !!"

ဒါက​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​ကြား သူစိမ်းဆန်
သွားခဲ့ရသည်​။ အလုပ်​ရှင်​နှင့်​အလုပ်​သမားဆက်​ဆံ
ရေးသာရှိ​တော့သည်​။ တခြား​သောဆက်​ဆံ​ရေး​တွေကို
ဘေးခ်ျိတ်​ထားခြင်းခံလိုက်​ရသည်​။ သူ့​နောက်​က ဒါရိုက်
တာ ၊ လက်​​ထောက်​ယူ ၊ ဋ္ဌာနမှူး တချို့ရှိ​နေသည်​။
တခြား​သောဝန်​ထမ်း​တွေလဲ ရှိ​နေသည်​။ ချစ်​သူရည်းစားဆိုသည့်​ ပတ်​သက်​မူကိုခဏထားလို့.
အဆူခံသင့်​ရင်​လဲ ခံရမှာပဲ​လေ။

" လိုက်​ခဲ့ ! ရုံးခန်းကို ၊"

သူ့အမိန့်​အား နာခံစွာနဲ့ အ​နောက်​က​နေထပ်​ကြပ်​မခွာ
ခိုက်​သွားရ​တော့သည်​။ တခြား​သောဝန်​ထမ်း​တွေ
က​တော့ သူ့ရဲ့စည်းကမ်းကြီးမူအား​ကြောက်​လန့်​ကုန်
ကြသည်​။တိုးတိုးတိတ်​တိတ်​​ပြောကုန်​ကြသည်​။ဂျင်​ဝူး
က​တော့နားမလည်​ခြင်းများစွာနဲ့ရပ်​ကျန်​ခဲ့ရသည်​။
သီးသန့်​ဓာက်​​လှေကားထဲ အိုဆယ်​ဟွန်းနဲ့အတူ ​ရောက်
နေရသည်​။သူက တည်​ကြည်​ကာ ဟန်​အပြည့်​နှင့်​ပင်​။
တခြား​သောဒါရိုက်​တာ​တွေ၊ဋ္ဌာနမှူး​တွေကလဲငြိမ်
သက်​​နေကြသည်​။

သူရုံးခန်းဘက်​​ရောက်​​တော့ ကျန်​တဲ့သူ​တွေကို
သူ​ ​နောက်​လှည့်​အမိန့်​​ပေးလိုက်​သည်​ ။

" ​နောက်​နာရီဝက်​​နေမှ အစည်းအ​ဝေး စမယ်
ဒီ​နေ့ ဒယ်​ဒီ ပါလာလိမ့်​မယ်​ "

အိုဆယ်​ဟွန်းက လက်​ရှိမှာ ကုမ္ပဏီတခုလုံးကို ဦးစီး
နေသူဖြစ်​​နေ​ပေမဲ့ သူ့အ​တွေ့အကြံနုနယ်​​သေးတာမို့
သူ​ဋ္ဌေးကြီး'အို´ကို အမြဲတမ်းပြန်​တင်​ပြကာ အကြံဥာဏ်
လက်​ခံ​နေရ​သေးသည်​။ ထုတ်​ကုန်​အသစ်​လဲမကြာခင်
ထုတ်​​တော့မှာမို့ အ​တွေ့အကြုံမရှိ​သေးတဲ့ ဆယ်​ဟွန်း
က ဒီ​နေ့အစည်းအ​ဝေးအတွက်​ သူ​ဋ္ဌေးကြီးရဲ့ဆုံးဖြ​တ်
ချက်​​တွေကိုလိုက်​နာရမည်​​လေ။

Come And Find Me [ Season_2 ]Où les histoires vivent. Découvrez maintenant