[ F O U R ]

9.5K 1.1K 89
                                    

မနက်​​ခြောက်​နာရီ​လောက်​ အိပ်ယာထနှစ်​​ယောက်​အတူ
အလုပ်​သွားဖို့ပြင်​ဆင်​လိုက်​ကြသည်​ ။ မနက်​စာကို
မိသားစုအစုံအလင်​စားဖြစ်​ကြပြီး အသီးသီး ကိုယ့်
အလုပ်​ဆီကိုယ်​ချီတက်​ကြသည်​သာ ။ အစ်​မဂျီဟွန်းနဲ့
ဆယ်​ဟွန်းမာမီက​​တော့ ပန်းချီပြပွဲတခုကို သွားဖို့
ပြော​နေသံကြားရသည်​။ ဆယ်​ဟွန်းနဲ့တူတူ တကား
ထဲစီးပြီး အလုပ်​သွားဖို့ဆိုတာ မဖြစ်​နိုင်​​ပေမဲ့
ဆယ်​ဟွန်းမာမီ​ကြောင့်​ အတူသွားလိုက်​ရသည်​ ။
နှစ်​​ယောက်​သားဆက်​ဆံ​ရေးကို မင်​​ဆော့က ကုမ္ပဏီ
ကလူ​တွေကိုမသိ​စေချင်​​ပေမဲ့ ဆယ်​ဟွန်းမာမီက​တော့
လုံးဝသ​ဘောမတူ။ 

" ဆယ်​ဟွန်း !! ငါ _________"

" အင်း !! ကိုယ်​သိတယ်​ "

ဆယ်​ဟွန်းကားကို လမ်း​ဘေးချရပ်​​ပေးလိုက်​သည်​။
မင်​​ဆော့ ကား​ပေါ်ကဆင်းချင်​​နေပြီဆိုတာ သူသိသည်​။
သူနဲ့အတူ တကားထဲစီးပြီးအလုပ်​လာတာကို
တ​ယောက်​​ယောက်​မြင်​သွားမှာကို မင်​​ဆော့မလိုလား
မှန်းသူသိ​နေတာ​ကြောင့်​ စိတ်​တိုင်းကျ ကားရပ်​​ပေး
လိုက်​သည်​။

" တက္ကစီနဲ့ပဲသွား အချစ်​!!ဘတ်​စ်​ကားစီးမ​နေနဲ့
တော်​ကြာ​နေ လူကြပ်​​နေလိမ့်​မှာဆိုးလို့!!"

အရင်​​နေ့​တွေအတိုင်းဆို ဘတ်​စ်​ကားပဲစီး​နေကြဖြစ်
ပေမဲ့လဲ ဒီက​နေ့​တော့ ဆယ်​ဟွန်းအလိုကျ တက္ကစီ
လှမ်းတားလိုက်​ရသည်​ ။ဆယ်​ဟွန်းရဲ့ကားကလဲ
တက္ကစီ​နောက်​က​နေ​ဖြေး​ဖြေး​မှန်​မှန်​လိုက်​လာသည်​။
ကုမ္ပဏီ​ရှေ့မှသာ လူကွဲသွားသည်​။ သို့​ပေမဲ့လဲ
ကုမ္ပဏီထဲဝင်​​တော့ ဆယ်​ဟွန်းက​ရှေ့က မင်​​ဆော့က
နောက်​က။ ဋ္ဌာန​ရှေ့ကို​ရောက်​​တော့ ပြုံးဖြီးဖြီးရုပ်​ကြီး
နဲ့မတ်​တပ်​ရပ်​လို့​နေတဲ့ ​မြောင်​ယူနဲ့သွားဆုံသည်​။
ကြည့်​ရတာ ဆယ်​ဟွန်းကို​တွေ့လိုက်​ရသည်​ထင်​သည်​။
အခုလိုပုံ​ပေါက်​​နေပုံရရင်​​ပေါ့။

" ဒီတ​နေ့လုံးအတွက်​ အား​တွေရှိသွားသလိုပဲ!!!
မင်​​ဆော့ရား!! ငါ ငါ့အချစ်​ဦးကြီးနဲ့ဆုံခဲ့တယ်​လို့!"

Come And Find Me [ Season_2 ]Where stories live. Discover now