ပိတ်ရက်မို့ အိုဆယ်ဟွန်းတယောက် မင်ဆော့နားကို
အချိန်ပြည့်ကပ်လို့ နေသည် ။ ဆယ်ဟွန်းမာမီကတော့
ဆယ်ဟွန်းကိုအိမ်ပေါ်ကဆင်းဖို့တောင် ပြောခဲ့သေး
သည်လေ။အိမ်ပေါ်ပြန်တက်ချင်ရင်တော့ မင်ဆော့ကို
တခါထဲအပါခေါ်နိုင်မှ ပြန်တက်လာဖို့လဲသတိပေးလိုက်
သေးသည်။ အိမ်ပေါ်ကဆင်းဖို့အပြောခံရလောက်တဲ့
အထိ အိုဆယ်ဟွန်းဟာ မင်ဆော့အနားကိုလာနေပေမဲ့
ဂင်မင်ဆော့ကတော့ သူ့အိမ်သန့်ရှင်းရေးလောက်
တောင် အိုဆယ်ဟွန်းကိုဂရုစိုက်မနေပါ။ ဒီအချက်က
အိုဆယ်ဟွန်း ကိုအကြီးအကျယ်ခံစားရစေသည်။တောက်တဲ့လို အနားမှာလာကပ်ကာ သွားလေရာ
တောက်လျောက်လိုက်လို့ နေပေမဲ့ မင်ဆော့ကတော့
နည်းနည်းလေးတောင်ဂရုမစိုက်နေပါ။ မနက်၇နာရီ
လောက်ကစလို့ အိမ်သန့်ရှင်းရေးလုပ်နေသည်မှာ
ယခုပင်၉နာရီထိုးချေတော့မည်။ အသန့်ကြိုက်တတ်တဲ့
အချစ်ဟာ မပျင်းမရိသန့်ရှင်းရေးကိုလဲလုပ်တတ်သူ
ဖြစ်သည်။ ကိုယ့်အခန်းသန့်ရှင်းရေးတောင်အိမ်အကူ
တွေကိုတာဝန်ပေးလို့အေးဆေးနေတတ်လေ့ရှိတဲ့
အိုဆယ်ဟွန်းမှာလဲ ယခုတွင်တော့ ဘောင်းဘီကို
ဒူးနားထိခေါက်တင်လို့ အလျှော်အဖွက်လုပ်ငန်းကို
တာဝန်ယူပေးနေရသည်။ ရေချိုးခန်းထဲမှာနှစ်ယောက်
သား အိပ်ယာခင်းကြီးကိုခြေထောက်နဲ့နင်းကာမောကြီး
ပန်းကြီးလျှော်ဖွက်နေကြရသည်။အိုးခွက်ပန်းကန်တွေတိုက်ချွတ်ဆေးကြောတုန်းကလဲ
အိုဆယ်ဟွန်း ပါသည်။ အိမ်ထဲက ပရိဘောဂပစ္စည်း
တွေကိုနေရာအထားအသိုတွေပြန်ရွေ့ဖို့လုပ်ပြန်တော့
လဲ အိုဆယ်ဟွန်း တယောက်ကိုယ်တိုင်ရွေ့ပေးပြောင်း
ပေးလုပ်ပေးရပြန်သည်။ ရှင်းလင်းလိုက်တာမှ အခန်း
တခန်းလုံးပုံစံပြောင်းသွားလောက်တဲ့အထိအပင်ပန်းခံ
ကိုရှင်းလိုက်တာ။ နောက်ဆုံးမှာတော့မပြီးနိုင်မစီးနိုင်
အိပ်ယာခင်းခေါက်ကြီးသယ်ချလာပြီး ခြေထောက်နဲ့
နင်းလျှော်ပေးရာမှာလဲ အိုဆယ်ဟွန်း ပါမိပြန်သည်။
မင်ဆော့ပါးစပ်ကနေ ဆယ်ဟွန်းကူပါဦး လို့တခွန်းမှ
မပြောခဲ့ပေမဲ့ အိုဆယ်ဟွန်း လိုလူမျိုးက အခန့်သား
ထိုင်လို့ငြိမ်ကြည့်နေနိုင်တဲ့လူမျိုးလား။တသက်နဲ့
တစ်ကိုယ်တခါမှမလုပ်ဖူးတဲ့အလုပ်တွေကိုလုပ်နေ
ရလို့နဖူးကချွေးက လက်နဲ့သပ်ချပစ်ရလောက်အောင်
ဖြစ်နေပေမဲ့ အပြုံးမပျက်နဲ့ မင်ဆော့အနားကိုကပ်ကာ
တနည်းမဟုတ်တနည်းနဲ့ မင်ဆော့ရယ်နေရအောင်
ရုပ်တည်တည်ကြီးနဲ့မဟုတ်တာတွေပြောလို့စနောက်
နေသည်။