ဆိုအာမွေးနေ့ညက သူတို့နှစ်ယောက် ဆယ်ဟွန်းအိမ်
ကိုမပြန်ဖြစ်ဘဲ တိုက်ခန်းမှာပဲအိပ်ဖြစ်လိုက်ကြသည်။
မွေးနေ့ပွဲကလဲ တကယ့်ကိုဆူဆူညံညံနဲ့ပြီးဆုံးသွားခဲ့
သည် ။ ဘာလိုဖြစ်ဖြစ် ပျော်စရာတော့ ကောင်းခဲ့တယ်။
မနက်ရောက်တော့မှ ဝရုန်းသုန်းကာအိပ်ရာထ ပြီး
ကုမ္ပဏီသွားဖို့ပြင်ဆင်ရတာ ရယ်စရာတော့ကောင်း
သွားခဲ့ရတယ်။နည်းနည်းနောက်ကျမှအိပ်ရာထနိုင်
ပြီး မျက်နှာသစ်သွားတိုက်ဖို့် အတွက် ရေချိုးခန်းထဲ
နှစ်ယောက် ဝရုန်းသုန်းကားပြေးဝင်၊မနက်စာကို
ပေါင်မုန့်တချပ်ပါးစပ်ထဲထိုးထည့် ကော်ဖီနှစ်ခွက်
အလျင်စလိုဖျော်သောက်ပြီး တော်တော်လေးကို
ရှုပ်ရှက်ခတ်သွားခဲ့ရသည်။ဋ္ဌာနထဲမှာ အိပ်ရေးမဝတဲ့ရုပ်ဖြစ်နေတဲ့ဂျင်ဝူးနဲ့ဘေး
ချင်းကပ်ထိုင်နေရတာကလဲ ကိုယ်ပါမလန်းမဆန်း
တွေကိုဖြစ်လို့။ ရှုပ်ပွနေတဲ့ဆံပင်တွေကို လက်နဲ့
အတင်းဖိသပ်ပုံဖော်ရင်း ဂျင်းဝူမှာလဲ ရုပ်ပျက်ဆင်းပျက်
ကိုယ်တွေထက်ပိုနောက်ကျနေသူက တယောက်ရှိသေး
သည်။ မင်ဆော့နဲ့ ဝန်ထမ်းသစ်ဂျောင်ဟိုကြားလစ်
ဟာနေသောနေရာပိုင်ရှင်သည် မြောင်ယူ။ ကိုယ်တွေ
ထက်ပိုဆိုးနေတဲ့မြောင်ယူတယောက် လမ်းမှာပြန်ပေး
ဆွဲခံလိုက်ရပြီလားတော့မသိ။" ပြန်ပေးဆွဲခံလိုက်ရပြီလား မသိဘူး !!ဋ္ဌာနမှူးချွဲ
ရောက်လာတော့မှာ ကိုအခုထိပေါ်မလာသေးဘူး"ဋ္ဌာနထဲလူစုံရောက်လို့ မနက်ဖြန် ထုတ်ကုန်အသစ်
ဈေးကွက်ထဲချပြဖို့အလုပ်ရှုပ်နေကြတာကြောင့်
မြောင်ယူကိုလဲ ဆက်ပြီးမမျှော်နိုင်တော့။ ထုတ်ကုန်
အသစ်အတွက် မင်ဆော့လဲ ရင်ခုန်ရသည်။ဒီတခါက
ဆယ်ဟွန်းကိုယ်တိုင် အကျအနစီစဉ်ထားတဲ့ ထုတ်ကုန်
သူလဲအလုပ်များနေတော့မှာအသေအချာ။ အဲ့လိုမှန်း
သိရင်မနေ့ညက သူ့ကိုခေါ်မနေပါဘူး။သူအရမ်းအလုပ်
ရှုပ်နေတာတောင် မငြင်းပဲလာပေးခဲ့သေးတယ်။