Reborn April Story
730 61 2
Love of Human Life  Part _ ( 2 )
အစထဲက ခါးမှာအကျီ င်္မကပ်ရသည်ကြား ပူပြင်း
လှတဲ့ နွေရာသီမို့ ပူစီလေးမှာ အကျီ င်္ကပ် ဖို့ မ
ပြောနှင့် ဘောင်းဘီပင် မကပ် …
အတော်ပင် အအေးကြိုက်ကာ အပူကြောက်
သည့် ပူစီလေး …
တနေကုန် မက ပူပြင်းတဲ့ နွေရာသီ နေ့ ရက်
တိုင်းကို  ကိုယ်တုံးလုံးလေးဖြင့်နေရန် ဆုံးဖြတ်
ထားပုံ …
နေပြန်သည် …
ကစားနေတာလည်း ရိုးရိုးပင်မဟုတ် Zhu
နဲ့ ViVi ကိုပါ သူ့ အရှေ့ မှာ ထိုင်ခိုင်းထားပြီး
ရှေ့ လွှဲ နောက်လွှဲ လုပ်နေ တဲ့ သူ့ ခြေထောက် တုတ်တုတ်လေးတွေကို တွဲလောင်းချထားကာ
လိုက်ဖမ်းခိုင်းနေပုံမှာ ဖျစ်ညှစ်ပစ်ချင်စရာ …
ထုံးစံအတိုင်း ViVi ကတော့ ခပ်ချေချေ ဖြင့် သာ
ကြည့်နေပြန်သည် …
Zhu ကတော့ ပါးနပ်စွာဖြင့် စိတ်အခြေနေ သိပ်မမှန်ရှာတဲ့ ( သူ့ အထင်  ) ပူစီလေးအလိုကျ ကစားပေးနေရင်း ကြောင်တို့ ရဲ့ သဘာဝအရ သူ
ကိုယ်တိုင် စိတ်ပါလာကာ ပူစီလေး ခြေထောက်တုတ်တုတ်လေးတို့ ကို ပူစီလေး
ခြေထောက် လှုပ်ရှားလေတဲ့အတိုင်း လိုက်ဖမ်းတော့သည် …
Zhu လက်သည်းတွေဖြင့် မတော်တဆ ခြစ်မိ
သွား မှာ စိုးရိမ်းမိသော်လည်း တခစ်ခစ်ရယ်သံ
လေးတွေက အတော်ကို မြူးကာ ပျော်နေပုံ
မို့ xiao lu ဘာမှမပြောပဲ လွှတ်ထားလေ
သည် …
သူ့ ပူစီလေးပျော်နေဖို့ က အရေးကြီးသည်မလား … စိုးရိမ်မိလို့ သွားဆွဲပြန်ရင်လည်း စိတ်ဆိုးကာ
ကုန်းကိုက်နေရင်မှဖြင့် ဟုတ်ပေ့ ဖြစ်နေမည် …
သူသည်လည်း မအားပေပဲ … မအားဆို သူ့ ပူ
စီလေးအတွက် ဖိနပ်သေးသေးလေးကို သူကိုယ်
တိုင်ချု ပ်ပေးနေရသည်ကိုး …
လှပသည်မဟုတ်ပေမဲ့ ခြေဗလာ နဲ့ လျှောက်ပြေး
နေသည်ထက် စာရင်တော့ အနည်းငယ် နာသည့် ဒါဏ်ကို ကာကွယ်ပေးနိုင်သည်မလား …
နုနယ်တဲ့ ခြေဖဝါးသေးသေးလေး မနာစေဖို့ kai
တို့ ယူလာတဲ့ ဂျုံ ထည့်တဲ့ ဂုံနီအိတ်အခွံ နဲ့ လုပ်
ရသည်မို့ ကျေးဇူးထပ်တင်မိသေး …
Love Born From April Story { Completed }Where stories live. Discover now