❄(14)🍁

2.3K 264 84
                                    

❄❄

ရာသီဥတုကောင်းသည့်နေ့လို့ ဆိုရမည့် မနက်ခင်း။ ကြည်လင်တောက်ပနေသည့် အပြာရောင်ကောင်းကင်ကြီးက အေးသည့်ရာသီကို တနည်းနည်းဖြင့် အနွေးဓာတ်ပေးဖို့ကြိုးစားနေသလို။

မကြာခင်ရောက်လာတော့မည့် နွေဦးကို ကြိုဖို့ပြင်ဆင်နေကြသည့် အခင်းအကျင်းတွေ လှုပ်ရှားဟန်တွေက အမြင်ဆန်းစွာလှပနေသည်။

"ဒီတစ်ခေါက် ဆောင်းရာသီက အရမ်းလှခဲ့တာကို . . . "

လူရှုပ်ရှုပ်လမ်းမပေါ်မှာမို့ သူ့လက်ကိုမဖြုတ်ဖို့အတန်တန်သတိပေးရင်း လက်မောင်းကိုချိတ်ထားသည့်လက်ကို အပေါ်ကထပ်ကိုင်ပြီး လျှောက်လာသည့် ယွန်းဂီ။ပတ်ဝန်းကျင်တစ်ခုလုံးသာယာနေတာကို ဂရုမစိုက်သလိုဖြင့် ဆောင်းရာသီအကြောင်း စာဖွဲ့နေတာမို့ သူမ မျက်စောင်းတစ်ချက်ခဲမိသည်။

" ကိုယ့်အရှေ့မှာ လက်တွေ့မြင်နေတွေ့နေရတာတွေကို ကျေးဇူးမတင်ပဲနဲ့ ဘာလို့ ပြီးခဲ့တာတွေကို ခဏခဏပြန်တမ်းတနေတာလဲ မင်ယွန်းဂီရဲ့ "

"မကြာခင်ကုန်တော့မယ့် ဆောင်းရာသီက
ကိုယ့်ဘဝတစ်ခုလုံးအမှတ်ရနေစရာ ကိစ္စအကြီးကြီးဖြစ်ခဲ့တဲ့အချိန်ကိုး ကလေးမရဲ့  . . .သိလည်းမသိပဲနဲ့ "

"ဟုတ်ပါပြီ "

❄🍁

မြေမို့မို့လေးပေါ်မှာ မြက်ပင်စိမ်းစိမ်းတွေက
ကြို့တို့ကျဲတဲပေါက်နေသည်။ ထိုအပေါ်က အဝါရောင်သစ်ရွက်ခြောက်တွေကို ယွန်းဂီက လက်နဲ့ဖယ်ယူလိုက်ပြီး သူကိုယ်တိုင်ကတော့ နေရာလေးရဲ့ဘေးမှာတင် ငုတ်တုတ်ထိုင်ချလိုက်၏။

" တစ်ခါမှမလာလို့ စိတ်ကောက်နေတာလား "

အားမပါလှသည့် အပြုံးတုတစ်ခုကို ဖန်တီးပြီး မငိုမိအောင်ချုပ်တီးထားသည့် သူ့မျက်နှာက ဘာရယ်ကြောင့်မှန်းမသိ သူမတို့နှစ်ယောက်ပထမဦးဆုံး စတွေ့သည့်အချိန်ကို အမှတ်ရစေ၏။
မျက်နှာဖုံးတစ်ခုကို စွပ်ထားသည့် အနူးညံ့ဆုံး ခံစားရအလွယ်ဆုံး လူသားနှင့် ဆုံခဲ့သည့်အချိန်။
ဟုတ်တယ် ပထမဆုံးစတွေ့တုန်းက ယွန်းဂီရဲ့ အဲ့ဒီလိုပုံစံကို သူမ မိုက်မိုက်ကန်းကန်းနှင့် သတိမထားမိခဲ့။

Winter's First Love ❄❄ {Completed}Waar verhalen tot leven komen. Ontdek het nu