Note: ဒီလိုကြိုရေးရင် ဖတ်ရတာ feel ပျက်မှာ စိုးလို့ မရေးချင်ခဲ့ပါဘူး
ဟီး ဒါပေမယ့် ကြိုမရေးရင် ပိုပြီး feel ပျက်မယ်ထင်လို့ မင်ယွန်းဂီ အားကိုးနဲ့ ရေးလိုက်ပါတယ် .
တခြားတော့မဟုတ်ပါဘူး ဖတ်နေရင်းနဲ့ စာကြောင်းတစ်ခုကို " ( ) "နဲ့ ရေးထားခဲ့ရင် ဒါက message တစ်ခုကို ရည်ညွှန်းတာဖြစ်တဲ့ အကြောင်း . အဲ့ဒါလေးပြောချင်လို့ပါ .
ဒီficလေးဖတ်ပေးတဲ့ တစ်ယောက်စီတိုင်းကို အရမ်းကျေးဇူးတင်ပြီး ချစ်ပါတယ် လို့ . .
_Phoebe
🍁❄
တကယ်ဆို ဒီလိုကိစ္စမျိုးအစောထဲက ဖန်တီးခဲ့သင့်တာ . ။ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ပြီး ငြိမ်းချမ်းသာယာလိုက်တာများ သီချင်း နှစ်ပုဒ် သုံးပုဒ် အသာလေး စပ်လို့ရခဲ့သည် အထိ။
စားပွဲပေါ်က တုန်ခါမှုသေးသေးကြောင့် ဖုန်းကို ဖွင့်ကြည့်မိတော့ ထေးယောင်ဆီက လာတဲ့ မက်ဆေခ်ျ့ တစ်ခု ။
📩 ( အွန်းဟာက TV remote ဘယ်နားထားလဲတဲ့ )
( စင်အောက်ကိုပြုတ်ကျနေလားမှ မသိတာ)
လမ်းတစ်လျှောက်လုံး စူပုတ်ပြီး ပြန်လာသည့်ကလေးမ အိမ်ရောက်တော့ စကားပင်မပြောတော့ .။လတ်တလော နားညီးသက်သာနေစေရန် ဆိုသော ရည်ရွယ်ချက်ကြောင့် ချော့ဖို့အစီအစဉ်မရှိသေး။ အဆင်ပြေသလိုနေစေ ဆိုပြီး လွှတ်ထားလိုက်တာ အခုဖြင့် ဖုန်းကို လက်ထဲက ချလို့မရသည့် အဆင့်ရောက်နေသည်။
သူမ ရှာနေသည့် TV remoteရှာတွေ့ပြီး
ခဏကြာတော့ ဟာသဇာတ်လမ်းတွဲတစ်ခုကြည့်ရင်း အားပါးတရရယ်သံတစ်ခု ထွက်လာ၏။အားလုံးခြုံကြည့်ရင် ရယ်နေတာလေးတစ်ခုပဲ သဘောကျဖို့ကောင်းတဲ့ မိန်းကလေး . .
📩(သန့်စင်ခန်းသုံး စက္ကူမရှိတော့ဘူး အပြင်ထွက်ရင် ဝယ်လာခဲ့လို့ ပြောတယ် အစ်ကို )
(အင်း )
ဒါက အပြင်သွားခါနီး ဖိနပ်စီးနေချိန် ရောက်လာတဲ့ မက်ဆေခ်ျ့. ။
**
📩(မီးလင်းဖိုက မီးငြိမ်းတော့မယ်တဲ့ အစ်ကို )
YOU ARE READING
Winter's First Love ❄❄ {Completed}
Short StoryThe first snow is like the first love. Do you remember your first snow?!