🍁❄
အချစ်ဆိုတာ အလွန်အင်မတန်မှ အံ့သြစရာကောင်းသော အရာတစ်ခုလို့ပြောရင် မှားမည်မဟုတ်။
မနက်ခင်းတွေတောင် အရင်ကလို မဟုတ်တော့ ဒီနေ့မှ ထူးထူးခြားခြားပိုလှနေသလို !
အခုနေများ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်ဆုံကြည့်ပါလား မင်ယွန်းဂီတို့ ရူးသွားပြီဟု လှောင်ရယ်ကြဦးမှာ. .
ကိုယ့်ကိုကိုယ်လဲ ''ငါ ရူးများသွားပြီလား "ဆိုတဲ့မေးခွန်းကို မေးနေတာ ဘယ်နှကြိမ်မှန်းမသိတော့ . ."ယွန်းဂီ ပြောစရာရှိတယ်ဆိုပြီး ဒီတိုင်းထိုင်ကြည့်မနေနဲ့လေ ဘာပြောမှာလဲ "
ရောဂါလက္ခဏာတွေထဲမှာ သူမဆီက ကိုယ့်နာမည်ခေါ်သံကြားရင် ဘာတွေ သည်လောက်ထိနားထောင်လို့ကောင်းနေမှန်းမသိ ပြုံးစိစိလုပ်တတ်လာခြင်းက ထိပ်ဆုံးကနေရာယူလျက်
"ကိုယ်တို့လျှောက်လည်ကြမလား "
မနေ့က ကဗျာမဆန်စွာ ဖွင့်ပြောလိုက်ခြင်းအပေါ်အားနာတာကြောင့် သေသေချာချာ တောင်းဆိုလိုက်မိသော ပထမဦးဆုံး date. .
"မသွားဘူး "
အဲ့ဒီလက်တောက်လောက်လေးကို
တသက်လုံး ဖွင့်မပြောပဲနေခဲ့လိုက်ရမှာ ။ နဂိုထဲက မတရားဆိုးပါတယ်ဆို ချစ်တယ်ဆိုတာ ဖွင့်ပြောလိုက်မှ အားကိုးတွေ တပုံတပင်ရသွားသလိုကို အပီအပြင်တွေ ပြောစကားနားမထောင်တော့တာ .. ."ဟာကွာ ကိုယ်က ကိုယ့်ကောင်မလေးနဲ့ အပြင်ထွက်လည်ချင်တာပါဆို "
100%လောက်ကို မင်ယွန်းဂီတစ်ယောက်ရူးနေပြီဆိုတာ သေချာတယ်။
"ခေါ်သွားပါလား အဲ့ဒီ ယွန်းဂီရဲ့ ကောင်မလေးဆိုတာကို ဘာလို့ ဒီမှာလာပြောနေတာလဲ "
"အာ!! ဟုတ်သားပဲ ကိုယ်မေ့နေတာ သွားခေါ်လိုက်မယ်နော် "
"သွား သွား "
. . .
~ ~ ~
❄🍁ထိုင်နေတဲ့အနောက်ဘက်ကနေ သိုင်းဖက်လာသည့် လက်တစ်စုံ . .
သူမ ရယ်သံထွက်မလာအောင် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မျက်နှာကိုတည်ထားလိုက်သည်။" ကိုယ်တို့လျှောက်လည်ကြမလား လို့"
ရင်ဘတ်ထဲနစ်မြုပ်လုနီးပါး နီးကပ်မှုက အခုထိမရင်းနှီးသေးပေမယ့် မကြိုက်ဘူးလို့ မငြင်းနိုင်ခဲ့။
သူမခေါင်းပေါ်မေးစေ့လေးတင်ထားပြီး အခုချိန်ထိုလူကြီး ပြုံးနေမည်ဆိုတာလဲ သိနေသည်။
ကောက်ကာငင်ကာ ရည်းစားစကားပြော အဲ . .
ကောက်ကာငင်ကာ ဖက်နမ်းပြီး ချစ်တယ်ပြော ချက်ချင်းအဖြေပေးပါလို့ပြောပြီး အဖြေတောင်းတဲ့ လူဆိုလို့ လောကကြီးမှာ မင်ယွန်းဂီ တစ်ယောက်ပဲ ရှိမည်ထင်သည်။
တကယ် ထူးဆန်းတဲ့လူ . . .
VOUS LISEZ
Winter's First Love ❄❄ {Completed}
NouvellesThe first snow is like the first love. Do you remember your first snow?!