အပိုင်း (၁၃)

Începe de la început
                                    

"ဒါတွေမေးမနေနဲ့တော့ Ji yong မင်းဂျပန်မှာ ရှုပ်ခဲ့တဲ့ ကိစ္စ ခု တစ်ကမ္ဘာလုံးကို ပုံတွေအကုန်ပျံ့ကုန်ပြီ "

"ကျွန်တော်မရှုပ်ခဲ့ဘူး ဒါတွေက…………"

သူခေတ္တစကားရပ်သွားပြီး ခဏလောက်နေမှပြန် ပြန်ဆက်ပြောသည်။

"ကျွန်တော်နဲ့သူ့ကိစ္စက ပြတ်သွားပြီ ပြန်ဆက်စရာ အကြောင်းမရှိတော့ဘူး ဒါတမင်သက်သက်…Huuu"

သူစကားကို ဆက်မပြောတော့ပဲ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

"ကျွန်တော်ဘာလုပ်ရမလဲ PAPA "

"ခုကိစ္စက Fan တွေကြားမှာလဲ ပွက်လောရိုက်ကုန်ပြီ မီဒီယာတွေကလည်း ဂယက်ထနေပြီ"

သူ့ဘက်က ဘာမှပြန်မပြောတော့ပဲ နှုတ်ဆိတ်နေသည်။

သူဘာမှပြန်မပြောတော့ Yang Boss အသံက ပို ကျယ်လောင်လာသည်။

" Ji Yong အောက်မှာ သတင်းထောက်တွေ ရောက်နေတယ် ငါဘာပြဿနာ ဘာအရှုပ်ထုပ်မှ မရှင်းချင်ဘူး မင်းသေချာကြည့်လုပ်လိုက်"

သူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒီပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာ ခေါင်းတစ်ခုလုံး ပေါက်ကွဲ ထွက်မတတ် စဉ်းစားနေမိသည်။

Yang Boss က သွားလို့ရပြီဟု ပြောတော့မှ သတိဝင်လာပြီး Boss ကို နှုတ်ဆက်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။

"Ji Yong…"

တံခါးဝရောက်တော့ နောက်ကနေ Boss ရဲ့ ခေါ်သံ ကြားလိုက်သောကြောင့် လှမ်းလက်စ ခြေလှမ်းတွေ တုံ့ကနဲ့ ရပ်သွားသည်။

ဖြစ်နိုင်ရင် ဒီမွန်းကြပ်ဖွယ်ရာတွေ ပြည့်နှက်နေတဲ့ Yang Boss အခန်းထဲကနေ အမြန်ဆုံး ထွက်သွားချင်မိသည်။

စိတ်ညစ်စရာတွေ ပလူပျံနေတဲ့ အချိန်မှာ ထပ်ပြီး ဖိအားတွေ မပေးပါနဲ့တော့လား Yang Hyun Suk Hyong…

ရုတ်တရက် သူ့ပုခုံးကို လာထိသော Papa လက်ကြောင့် သူနောက်ကိုလှည့်ကြည့်လိုက်သည်။

"Ji Yong …မင်း စိတ်ကို အေးအေးထားပါ မင်း ဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာ Hyong ယုံတယ် ဒီတော့ မင်းလည်း အရွယ်ရောက်နေပြီပဲ ဖြေရှင်းနိုင်မှာပါ"

 MY  VIP [Completed] Unde poveștirile trăiesc. Descoperă acum