နှစ်လွှာအသဲ💞

ابدأ من البداية
                                    

" အပြင်​မှာ နှင်း​တွေကျ​နေတယ်​ ..... "

" အင်း ... နှင်းမုန်​တိုင်း စဲသွားတာဖြစ်​မယ်​ "

" သွားရ​အောင်​ Chan ... "

" ဟင်​... ​အေးမယ်​​လေ "

" မ​အေးဘူး ... ထ ! သွားမယ်​ လသာ​နေလို့ပါဆို "

Baekhyun အတင်းဆွဲ​ခေါ်ရာ​နောက်​ကို
မငြင်းသာပဲ လိုက်​လာခဲ့ ရသည်​ ။

" ချမ်းရင်​ ​ပြော​နော်​ ! ချက်​ချင်းပြန်​ဝင်​မယ်​ "

အိမ်​​ရှေ့နားက လ​ရောင်​ ​ကောင်း​ကောင်းကျ​နေတဲ့
နှင်းထုပြင်​ကြီးထဲ ​နှင်း​တွေနဲ့​ပြေး​ဆော့​နေတဲ့
ချစ်​သူ​လေး က ကိုယ့်​စကားကိုမကြားချင်
ယောင်​​ဆောင်​ပြီး နှင်း ​တွေ လိုက်​ဖမ်း​နေပြန်​တယ်​။

" လှ လိုက်​တာ ... "

နှင်း​တွေကျ​နေသလို လ​ရောင်​ကပါဖြာကျ
နေတဲ့အတွက်​ အိမ်​ပတ်​ဝန်းကျင်​က
လှ ပ ​လွန်း​နေသည်​ ။

သေချာတာ​တော့ လှလွန်းတဲ့ချစ်​ရသူ​လေး​ကြောင့်
ပိုပြီး လှပ​နေတာဖြစ်​မည်​ ။

" ဟက်​ ချိုး ...!!!! "

" အယ်​ ~ လာ...လာခဲ့ ... အိမ်​ထဲဝင်​မယ်​ "

Chanyeol လက်​ယပ်​ပြီး​ခေါ်​တော့
မထုံတက်​​ထေးနဲ့ လှည့်​ကြည့်​လာတဲ့
Baekhyun ....။

" လာပါကွာ ... ​အေး​နေပြီကို "

အချိုသက်​​ခေါ်မှ အနားကို ​လုံးလုံးလုံးလုံးနဲ့
ပြေးလာတဲ့ ချစ်​ရသူ​ပေါက်​စက​လေး ။

ဝတ်​လာတဲ့ ​လေ​ဖောင်းကိုယ်​ရှည်​အ​နွေးထည်​ကြီး
ရဲ့ ဇစ်​ကိုဆွဲဖြုတ်​ပြီး ရင်​ခွင်​ထဲ​ပြေးဝင်​လာသည်​။

တစ်​ကိုယ်​လုံး​အေးစက်​​နေတဲ့ ကိုယ်​​လေးကို
ကိုယ့်​ရဲ့ အ​နွေးထည်​ကြီးနဲ့ ​နွေး​အောင်​ပြန်
ဖက်​ထား​ပေးလိုက်​သည်​ ။

( media က ပုံ​လေးကြည့်​ပြီး feel ❤ )

ရင်​ခွင်​ကို ​တော်​​တော်​ကြိုက်​ပုံရတဲ့ ​ကောင်​​လေး
က ​မော့ကြည့်​ပြီး ပြုံးပြပြန်​တယ်​ ။
အ​အေးရှိန်​​ကြောင့်​ နှာထိပ်​က​လေး​တွေ နီရဲ​နေတဲ့အထိ။

အခဈြဦး ( ChanBaek ) (Z+U)حيث تعيش القصص. اكتشف الآن