နှင်းတောင်ပေါ် ၄ ရက်မြောက်သောနေ့ ။Chanyeol ရဲ့ သီချင်းကိစ္စပြီးနေပေမဲ့လည်း
နှစ်ယောက်လုံး ဆိုလ်းကိုမပြန်ကြသေးပဲ
အိမ်လေးထဲ နေနေကြသေးသည် ။တစ်နေကုန်လျောက်လည်ကြပြီး ညပိုင်းဆို
အတူစားသောက်ပြီးတာနဲ့ သီချင်းတွေရေး၊
သီချင်းတွေဆိုနဲ့ နှစ်ယောက်သား အမောဖြေကြသည်။
Chanyeol ရေးထားတဲ့သီချင်းတွေကို
ကိုယ်တိုင် ဂီတာပေးတဲ့အခါ Baekhyun
က လိုက်ဆိုပေးရင်း အချိန်တွေကုန်ဆုံးဖြစ်ကြသည်။" အဲ့တာ ဘာလုပ် တာ "
Sound Recorder လေးတစ်ခုကို ပိတ်နေတုန်း
Baekhyun မေးလိုက်ခြင်းပင် ။" hyunee ရဲ့အသံကို ယူထားတာလေ !
ကို့ စီနီယာက hyunee ရဲ့အသံဆို သိပ်သဘောကျမှာ။
ကိုပို့မို့လေ "" ဪ.... "
" မကြိုက်ဘူးလား hyunee "
" မဟုတ်ပါဘူး.... တကယ်လို့ကျနော်လည်းနာမည်ကြီး
သွားရင် ဘယ်လိုလုပ်မလဲ "" ဟာ... အဲ့တာကောင်းတာပေါ့ "
" ဟင် ! ကျနော် schedule တွေနဲ့ အလုပ်တွေရှုပ်နေရင်
Chan နဲ့သိပ်မတွေ့ရတော့ဘူးလေ !
အဲ့တာလည်းဖြစ်တာပဲလား "" ဖြစ်တော့ဖြစ်တာပေါ့ ! ဒါမဲ့ hyunee က
သီချင်းဆိုရတာ ကြိုက်တယ်လေ ။
မင်းသဘောကျတဲ့အရာတွေ လုပ်နေပြီး
ပျော်နေတာကိုပဲ မြင်ချင်တာ ။
ကိုယ် အနားမှာပဲ မင်းကို မချုပ်ချယ်ချင်ဘူး !"" ဒီ စကားတွေနဲ့ပဲ လူကို ချုပ်ထားတာ ! "
" ဟောဗျာ ! အမှန်တိုင်းပြောတာကို ဘာလို့
နှုတ်ခမ်းကြီး ဆူထားရတာလဲ "ပြောကာမှ ပိုဆူလာတဲ့ နှုတ်ခမ်းအား အူကြောင်ကြောင်
ချစ်သူကြီးက ကြည့်သာကြည့်နေတယ် ....။
ရှေ့မဆက်တက် ။ ဆက်ရဲမှာလည်းမဟုတ် ။အထာပြပြီး ဆူပြထားမှန်းလည်းမသိ ။
အဲ့ဒီတော့ကိုယ်ကပဲသူ့မျက်နှာကြီးဆွဲယူပြီး
စ နမ်းပေးရတယ် ။ သူ့ဘက်က နမ်းတယ်ဆိုတာ
အိပ်ရာ လာနှ်ိုးတဲ့အချိန် နဖူးကိုဖွဖွလေးနမ်းရုံတင်
သာရှိသည် ။