စတင်​ခြင်း ❤

23.7K 1.5K 27
                                    


Fantasy Entertainment ရဲ့
မကြာခင် debut ပေးတော့မယ့် Rockiee
လေးတွေ အကုန် နားနေခန်းမှာ စိတ်လှုပ်ရှားစွာ
စောင့်စားနေကြသည်။

တစ်ယောက်ချင်းစီ ရဲ့ debut MV ကိုပင်
အစမ်းအနေနဲ့ ရိုက်ကူးနေကြပြီမို့ မကြာမီ
Media ရှေ့ new boy band အဖြစ်
Rockiee Baekhyun အပါအဝင်
အားလုံး ပေါင်း လူ ၆ ယောက်လောက် ပါဝင်သည် ။

"" Baekhyun Hyung ကို အားကျလိုက်တာ ""

"" ဟင်  ... ဘာလို့ '"

Baekhyun မှန်ရှေ့ ကျကျနန liner ဆွဲနေရင်း
ဘေးက ထိုင်ကြည့်နေတဲ့ JinWoo ကြောင့်
ပြန်မေးမိသည် ။

"" Hyung က vocal ပိုင်တယ်လေ ....
ပြီးတော့ ရုပ်လဲချောသလို အခုတည်းက Fan အခိုင်အမာ ရထားနေပြီလေ ... အားကျတာပေါ့လို့ ""

Jinwoo စကားကြောင့် Baekhyun
ပြုံးရင်း Liner ဘူးကို အဖုံးပိတ်ကာ
ရှေ့က makeup set တွေထဲ ထည့်လိုက်ပြီး

"" အဲ့လိုပြောကြေးဆိုရင် မင်းက main rapper နဲ့
Lead dancer လေ .... ငါ့ထက်အရပ်လည်း ရှည်တယ်။ ရုပ်လဲချောတာ ဘာအားကျစရာရှိလို့လည်း ""

Baekhyun ရှင်းချက်ထုတ်ပြတော့ jimwoo
က ယဲ့ယဲ့ လေးပြန်ပြုံး့ပြသည်။

""Hyung ... သိလားး ။
ကျနော်တို့ CEO က အခု debut မဲ့အဖွဲ့ကို
  ၅ ယောက်ပဲ ပွဲထုတ်မှာတဲ့ ""

"" ဟင် ... ဟုတ်လား ! ဘယ်သူပြောတာလည်း ""

'" ဒီလိုပါပဲ ... ကိုယ်စားလှယ် ယူ ပြောနေတာကြားလို့ ""

"" Baekhyun ... လာခဲ့ဦး ""

Baekhyun တို့စကားပြောနေစဉ်မှာပဲ
ကိုယ်စားလှယ် ယူ ရောက်လာပြီး Baekhyun
ကို လာခေါ်သွားသည်။

ကိုယ်စားလှယ် ယူ ခေါ်ခဲ့ရာ နေရာသည်
Fantasy Ent: ရဲ့ CEO ရုံးခန်းကို
ဖြစ်နေသည် ။

" ဝင်သွားလိုက် ... သူ မင်းနဲ့ ဆွေးနွေးချင်တာရှိလို့တဲ့ '"

" ဗျာ.... ကိုယ်စားလှယ်ယူ ရော မဝင်ဘူးလား ""

" အင်း ... ငါအပြင်မှာပဲ စောင့်နေမယ် ....
သူနဲ့သာ သေချာ ဆွေးနွေးခဲ့ သွား..... ""

ကိုယ်စားလှယ်ယူ အတင်းတွန်းလွှတ်မှသာ
တံခါးလက်ကိုင်ကို ကိုင်ပြီး ဝင်ဖြစ်မဝင်ဖြစ်
စဉ်းစားနေရသည်။

အချစ်ဦး ( ChanBaek ) (Z+U)حيث تعيش القصص. اكتشف الآن