" ဒါဆို ကားထဲမှာ ပြောကြတာပေါ့ "
Kongpop ရဲ့ အကြံပြုချက်ကို Arthit က တချက်ငြိမ်ကာ စဉ်းစားပြီးမှ ခေါင်းညိမ့်ပြလိုက်ပြီး ရှေ့က ဦးဆောင်ကာ ကားပေါ် တက်ထိုင်လာတယ်။
ဒါပေမယ့် တဖက်က Arthit က တည်ငြိမ်နေသလောက် နောက်ကလိုက်လာတဲ့ Kongpop ကတော့ ကားပေါ်ပြန်မတက်ခင် Rome ရဲ့ လက်ထဲကနေ သူတို့ဘက်ကို မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ဘုကြည့် ကြည့်နေတဲ့ ကလေးလေးကို သေချာ ပြန်လှည့်ကြည့်လိုက်တယ်။
ဒီကလေးလေးကို ရင်းရင်းနှီးနှီး ဘယ်မှာ တွေ့ဖူးနေတာလဲ ?
--
သီးသန့်စကားပြောမှာသိလို့ ဒရိုင်ဘာက ကားပေါ်တက်မလာတော့ Arthit နဲ့ Kongpop နှစ်ယောက်တည်းသာ ကားထဲမှာ။ အေးစိမ့်နေအောင် ဖွင့်ထားတဲ့ အဲယားကွန်းလေကြောင့်Arthit က ကြက်သီးထပြီး ခန္ဓာကိုယ်က တုန်သွားတော့ Kongpop က ခပ်ညစ်ညစ် ပြုံးတယ်။
Kongpop နဲ့ မတွေ့အောင်နေခဲ့တာ ဒီလောက်ကြာပြီးမှ လာတွေ့ဖြစ်အောင် တွေ့ခိုင်းတဲ့ကံကြမ္မာကိုက မုန်းချင်စရာ ။ စကားမပြောနဲ့ မျက်နှာချင်းတောင် မဆိုင်ချင်လောက်အောင်ကို မုန်းနေခဲ့ရတဲ့လူကိုမှ .... ။
ခု ကားထဲမှာ နှစ်ယောက်တည်း စကားပြောရမယ့်အဖြစ်က Arthit အတွက်တော့ ငရဲအလား။ ပထမ စကားပြောဖို့ ငြင်းလိုက်တုန်းကခြိမ်းခြောက်လာတဲ့ Kongpop စကားကြောင့် တခြားသူတွေအတွက် စိုးရိမ်ပြီး စကားပြောဖို့ လိုက်လျောလိုက်ရတာလေ။
Kongpop ရဲ့တဇွတ်ထိုးဆန်တာအပြင် တကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်နဲ့ အနိုင်ကျင့်ရမ်းကားတတ်တဲ့ စိတ်ကို သိနေတော့
Arthit အဖို့က ဒီကမ်းလှမ်းချက်ကို လက်မခံမိရင် Kongpop ဝုန်းဒိုင်းကြဲပစ်မှာကို သိလို့။" အဲ့ကလေးလေးက ဘယ်က,ကလေးလဲ ? "
" မင်းအပူမပါဘူး ! "
ကလေးအကြောင်းကို ဘာလို့မေးတာလဲ ?
Kongpop က ရယ်ကျဲကျဲနဲ့
" ဒါ P' ကလေးမလား ?"
Kongpop ဒီတစ်ခေါက် မေးတဲ့မေးခွန်းကြောင့် Arthit တစ်ခွန်းမှ ပြန်မဖြေနိုင်ဘဲ စိုက်ကြည့်နေလိုက်တယ်။
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...
Regret
Start from the beginning