" ဟုတ်ကဲ့ Hyung ... "

         Hyung ရဲ့ စကားကို ပြန်ဖြေကာ အိမ်ပေါ် တက်လာလိုက်သည်။

ရန်ပွဲရဲ့ နောက်ဆက်တွဲ အုပ်ထိန်းသူ အဖြစ် Yifan hyung ကို ခေါ်ခဲ့ရသည်။

ခံဝန် လက်မှတ် လည်း ထိုးခဲ့ရပြီးပြီ..။

ကျောင်းအုပ်ရဲ့ ပြင်းပြင်း ထန်ထန် ဆူပူမှုကို လည်း ခံခဲ့ရသည်။

Yifan Hyung ကတော့ Kyung Soo ကို နားလည်တာမို့ ဘာမှမပြော...။

အခန်းထဲ ရောက်ရောက်ခြင်း လွယ်အိတ်ကို ပစ်ချကာ ကုတင်ပေါ် လှဲအိပ်လိုက်သည်။ ခဏ အကြာ မှာပင် Kyung Soo အိပ်ပျော်သွားခဲ့သည်။

______________________________
 
            Ph ringtone သံကြောင့် Kyung Soo အိပ်နေရာမှ နိုးလာရသည်။ သီးသန့် ထားသော ringtone ကြောင့် Jongin hyung ရဲ့ ဖုန်းမှန်း သိနေသည်လေ..။

    " ဟဲလို.... Hyung..... "

    ✆ ..... ✆

    " Hyung ရောက်နေတာလား.... "

     ✆ .......✆
     
" ဟုတ်ကဲ့... hyung .... "

      Ph ဖြေ ပြီး ပြီးချင်း အောက်ကို ဆင်းလာတော့ ခြံရှေ့မှာ ကားရပ်ထားတဲ့ Hyung....။

Hyung အနားကို ရောက်တော့ Hyung က

      " ကောင်လေး... အဝတ်အစားတောင် မလဲရသေးပါလား.... မျက်နှာကိုလည်း ဆေး မထည့်ထားဘူး ကြည့်ပါဦး... ကောင်ဆိုးလေး.... "

   " အာ... ကျွန်တော် ဒီအတိုင်း အိပ်ပျော်သွားလို့ Hyung .... ဒါနဲ့ Hyung ကျွန်တော် ရန်ဖြစ်ထားတာ ကို သိတာပဲလား... "

" အင်း... Yifan ပြောပြတာ.... Hyung အကြောင်းစုံ သိပြီးပြီ...။ ဘာလို့ ရန်ဖြစ်ရလဲ ဆိုတာကို အထိ... "

  " ကျွန်တော်....."

      Kyung Soo ဘာပြောရမှန်း မသိသေးခင်မှာပင် Hyung က

    " ဘယ်လို လုပ်မလဲ... မျက်နှာ နုနုလေးမှာ အမာရွတ် တွေ ကျန်တော့မှာပဲ.... နောက်ဆို Hyung အတွက် ရန်မဖြစ်ပါနဲ့ ... Yifan ပြောပြတယ် ... အဲ့တစ်ယောက်က Hyung အကြောင်း ပြောလို့ ကောင်လေးက စထိုးခဲ့တာ ဆို... "

  " ကျွန်တော့်ကြောင့် Hyung ကို မထိခိုက်စေချင်လို့ပါ ... Hyung ... ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်အတွက် ... ကျွန်တော်ပဲ ထိခိုက်ပါစေ Hyung ရယ်.."

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now