Episode 19

3.5K 327 32
                                    

Unicode
 
" ကဲ....ကဲ... နှစ်တစ်ထောင် FA ဘဝ ကနေ ကွင်းလုံးကျွတ် သွား တဲ့  တို့ရဲ့ သူငယ်ချင်းလေးကို ဂုဏ်ပြုပါတယ်..."

     Canteen မှာ ထိုင်ပြီး အာပြဲလျှာပြဲ နဲ့ အော်နေကြတဲ့ Baekhyun နဲ့ Chanyeol တို့ နှစ်ယောက်အား... Kyung Soo လည်ပင်း ညှစ်သတ် ချင်စိတ် ပေါက်လာရသည်။

Jongin Hyung နှင့် ချစ်သူတွေ ဖြစ်သွားသည့် အကြောင်းကို မပြောပဲ ထားလျှင် စိတ်ကောက်မယ် မှန်း ကြိုတင် ခန့်မှန်းမိတာကြောင့် စောစော စီးစီ ပြောပြမိကာမှ တစ်ကျောင်းလုံး ကြားအောင် Promotion ဆင်းပေးနေကြသည့် နှစ်ကောင်ရယ်ပါ..။

    " ဟေ့ကောင်တွေ... တိုးတိုးနေစမ်းကွာ.... ရှက်စရာကြီး........ "

    Kyung Soo အော်တော့မှ နှစ်ယောက်လုံး မျက်နှာပိုး သတ်ကာ... Baekhyun က

    " Kyung Soo ကလည်း.. ငါတို့က ပျော်လို့ပါကွာ.... အခုဆို ... မင်းလည်း ချစ်သူရသွားတော့ ငါတို့ မင်းကို စိတ်ချလို့ရတာပေါ့.... ပြီးတော့ Jongin Hyung ကလည်း လူကောင်းပါကွာ... "

   " အေးပါ... ငါ့ချစ်သူ အကြောင်း ငါသိပါတယ်... "

    Kyung Soo ပေစောင်းစောင်း ကြည့်ကာ ပြောမိသည်။ ကိုယ့်ချစ်သူ အကြောင်း ကိုယ်က ပိုသိတာပေါ့....တကယ်ပဲ။ Kyung Soo တို့ ရယ်ရယ်မောမော နေ့လည်စာ စားနေကြတုန်း.....

" ဝုန်း...... "

  " တော်တော်မှ ပျော်နေကြရဲ့လား....  ဟင်.... ။"

  ဖြတ်ကန်ခံလိုက်ရတဲ့ စားပွဲခုံနဲ့ နားထဲကို စူးစူး ရှရှ တိုးဝင်လာတဲ့ အသံ....။ Kyung Soo တို့ မော့ကြည့်လိုက်တော့ ထိုသူက Yoo Jae Hwa... ။ သူက Kyung Soo ကို စူးစိုက်ကြည့်ကာ မဲ့ပြုံးပြုံးပြီး...

    " လေးစားပါတယ်နော်.... အပြစ်မရှိသလို ပျော်နေရဲတဲ့ သတ္တိ ကို .... "

    " မင်း ဘာရန်လာစပြန်တာလဲ Yoo Jae Hwa.... "

   ဒေါသတကြီး တုန့်ပြန်လိုက်တဲ့ Chanyeol ကို Baekhyun က ဆွဲထားရသည်။ Jae Hwa ကတော့ အေးအေး ဆေးဆေးပင်...။

   " ရန်မစပါဘူး Chanyeol ရဲ့ ငါတို့က သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတာပဲ....​​အော် ဟုတ်သား အခုကတော့ .. ရန်သူပေါ့ .. အဟင်း.....။"

   " Yoo Jae Hwa... ငါတို့ ကင်းကင်း ရှင်းရှင်း နေကြရင် ကောင်းမယ်... ငါတို့ မသိခဲ့ဖူးသလို မမြင်ခဲ့ဖူးသလို နေကြရအောင်လား ... "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now