Episode 12

3.7K 335 28
                                    

Unicode

   " ကဲ အားလုံးပဲ စာကို သေချာ ကြိုးစား ကြနော် "

  " ဟုတ်ကဲ့ "

       အတန်းထဲက ဆရာမ ထွက်သွားတာနဲ့ Chanyeol နဲ့ Baekhyun ကို မစောင့်ပဲ Canteen သို့ ထွက်လာလိုက်သည်။

သူတို့ကို စောင့်နေလျှင် Canteen က အစား အသောက်တွေ ကုန်သွားတာနှင့် စားလိုက် ရမှာ မဟုတ်။

သူတို့ပလူးနေတဲ့ အချိန်မှာ ကိုယ်က canteen ရောက်နေမှ သာ ငတ်မည့်ဘေးက လွတ်နိုင်မှာပင်။

Canteen မှာ ထမင်း သွားယူပြီး စားနေတုန်း ခပ်လှမ်းလှမ်း ဝိုင်းက ရယ်သံ တစ်ခု။

တိတိ ကျကျ ပြောရလျှင် Yoo Jae Hwa ၏ ရယ်သံ။ Kyung Soo လည်း မသိချင်ယောင် ဆောင်ကာ ဆက်စားနေလိုက်သည်။

Chanyeol နဲ့ Baekhyun လည်း ရောက်လာတာ ကြောင့် အေးအေး ဆေးဆေး စကား တပြောပြော နဲ့ ထမင်း ဆက်စားနေတုန်း နားထဲ တိုးဝင်လာတဲ့ စကားသံတွေ.

   " ငါ့ အရင် ကျောင်းမှာ သူငယ်ချင်းတွေ ရှိခဲ့ဘူးတယ်ကွ ဟက် "

   ထို စကား အဆုံး Chanyeol က ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ မထီတထီ ပြုံးကာ Chanyeol မျက်နှာကို စေ့စေ့ ပြန်ကြည့်နေတဲ့ Yoo Jae Hwa။

Jae Hwa ထိုင်နေတဲ့ နေရာက Kyung Soo နဲ့ဆို မျက်နှာ ချင်းဆိုင်ကျပြီး Chanyeol ရဲ့ နောက်ကျော ဘက်မှာ ပင်။ သူက Kyung Soo ကို မျက်ခုံး ပင့်ပြကာ ..

    " အခုတော့ ~~~ သူတို့က ငါ့ဘဝ တစ်ပိုင်း တစ်စကို ဖျက်ဆီးခဲ့တဲ့ သူတွေဖြစ်ကုန်ကြတယ် "

    Kyung Soo လက်ထဲက တူကို ကျစ် ကျစ် ပါအောင် ကိုင်ထားမိသည်။ Chanyeol ကလည်း မနည်း သည်းခံနေရသည့် ပုံ။

    " မင်း ဘဝကို ? ဟုတ်လား "

  သူတို့ ဝိုင်းက တစ်ယောက်က မေးတော့ Jae Hwa က Kyung Soo တို့ ဝိုင်းကို စေ့စေ့ကြည့်ကာ

   " အင်း~~~ ဟုတ်တယ် အခုတောင် ငါပြောနေတဲ့ စကားကို သူတို့ နားထောင် ချင် နားထောင်နေမှာ ကွ သိလား ဟားဟား "

    "တောက်!! ဒင်း နည်းနည်းတော့ လွန်သွားပြီ "

    လက်ထဲက တူကို ချကာ ခပ်ကြိတ်ကြိတ် ပြောလာသည့် Baekhyun.. Kyung Soo က အသာ ပြုံးပြကာ

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now