Episode 07

4.4K 423 41
                                    

Unicode

   " ဘုရားရေ Kyungie ခေါင်းက ဘယ်လို ဖြစ်လာတာတုန်း "

     အိမ်ထဲကို Kyung Soo ဝင်လာတာနဲ့ သတင်းစာ ဖတ်နေတဲ့ Yifan အလန့် တကြား ထအော်မိသည်။

မအော်ပဲ နေနိုင်ရိုးလား။ ညနေက အပြင် ခဏ သွားမယ် ဆိုပြီး ထွက်သွားလိုက်တာ ပြန်လာတော့ ခေါင်းက ဆံပင်တွေ မရှိတော့။

အရင် နဖူး အုပ်အုပ် ဆံပင် ကနေ ကတုံး ဆံပင် ဖြစ်သွားရှာတာ။

Kyung Soo ကတော့ ဘာမှ မဖြစ်သလိုပင် ။ ရှေ့တည့်တည့်မှာ ဝင်ထိုင်ပြီး

   " ဘာဖြစ်လို့လဲ Hyung ရဲ့ "

   " Kyungie ဆံပင်တွေ ဘယ်...ဘယ်ရောက် "

   " ဟာာ Hyung ကလည်း ညှပ်ပစ်လိုက်တာလေ ခေါင်း ရှုပ်လို့ "

   " အေးပါကွာ မင်းသဘောပါ တကယ့် ပေါက်ပေါက် ရှာရှာ သူများတွေ hair colour အမျိုးမျိုး ဆိုးဖို့ စဉ်းစားနေချိန် မင်းက ကတုံးတုံး နေတယ် "

      Yifan စကား ဆုံးတော့ Kyung Soo က မျက်မှောင် ကြီး ကျုံ့ပြီး ကြည့်ကာ

   " Hyung နော် Hyung ဘာသိလို့လဲ အရင် ဆံပင် နဲ့ ဆို လူတွေက တွေ့လိုက်ရင် ချစ်ဖို့ ကောင်းတယ် ချည်း ပြောနေကြတာ ဘယ့်နှယ့်လဲ အခုလိုက Manly ဖြစ်တယ် မလား "

   " အေး အေး ဖြစ်တယ် ဖြစ်တယ် "

       Yifan အဖြေကို ကြားပြီး ကျေနပ်နေတဲ့ အပြုံးကြီးနဲ့ အပေါ်တက်သွားတဲ့ Kyung Soo ဟာ ဆိုရင် ဖြင့် Yifan အတွေးထဲက စကားသံကို ကြားရင်ဖြင့် ရင်ဘတ် စည်တီးကာ ငိုချင်းချလိမ့်မည်။ Yifan အတွေးက

  >> ဒီပုံစံလေးကမှ ပို ချစ်ဖို့ ကောင်းလာတာ နမ်းချင်စရာကြီး <<<တဲ့

_________________________

    ကျောင်းထဲ ဝင်ဝင်ချင်း ဝိုင်း ကြည့်နေကြတဲ့ ကျောင်းသူ ကျောင်းသား တွေကို ဘု ကြည့်ကြည့်ပြီး အေးလို့ အပေါ်က ထပ်ဝတ်လာတဲ့ Hoodie ခေါင်းစွပ်ကို စွပ်လိုက်သည်။

ခေါင်း က ဆံပင်တွေ မရှိတော့ ပိုအေးနေသလို ခံစားရသည်။

စောနေသေးတာကြောင့် အတန်းထဲ မဝင်သေးပဲ ကျောင်းဝန်းထဲက အပင်ကြီးအောက် ထိုင်ပြီး စာဖတ်နေတုန်း

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now