Episode 03

4.6K 442 10
                                    


Unicode

     " Hyung ဓာတ်ပုံ သေချာ ရိုက်ခဲ့ပေး နော်... ကြည်အောင် လည်း ရိုက်ခဲ့ဦး... ဝိုးတိုး ဝါးတားတွေ ဖြစ်လာဦးမယ် "

  " အင်းပါ Kyungie ရယ် ရိုက်ခဲ့ပေးမယ် Hyung အောက် ဆင်းတော့မယ် နော် "

   " ဟုတ် Hyung "

        လက်ထဲက Camera ကို ယူကာ Yifan Hyung အောက် ဆင်းသွားတော့ Kyung Soo အခန်းထဲ ပြန် ဝင်ခဲ့ လိုက်သည်။

ချစ်လှစွာသော မွေး သမိခင်နှင့် ကျွေး သဖခင်က ပွဲ မပြီးမချင်း အောက် ဆင်း မလာဖို့ မှာ သွားခဲ့သည် မဟုတ်ပါလား ။

ခန်းဆီး လိုက်ကာကို အနည်းငယ် ဟကာ ချောင်းကြည့်တော့ ခြံဝန်း မြက်ခင်းစိမ်း ပေါ်မှာ ပွဲတက် ဝတ်စုံနှင့် ပနံသင့်နေသော ဒယ်ဒီ နဲ့ မာမီ .

Kyung Soo တစ်ခါတစ်လေ စိတ်ကူး ယဉ်ကြည့်ဖူးသည်။

မိဘများနှင့် အတူ ပျော်ရွှင်နေရသည့် ဘဝမျိုးကို​ပေါ့။

ဒါ​ပေမယ့်လည်း သူကိုယ်တိုင်ကိုက ထိုသို့ နေထိုင်နိုင်ဖို့ အခွင့်အရေးမှ ပါမလာပဲ​လေ... ​မျှော်လင့်​နေလည်း အပိုပါပဲ..

နာကျင်လာသည့် စိတ်အစုံကို လစ်လျူ ရှုကာ မွေ့ရာပေါ် ပစ်လှဲလိုက်သည်။

​လေးပင်လာသည့် မျက်ဝန်း အစုံတို့က ခဏ အကြာမှာပင် ​မှေးမှိတ်လို့ကျကာ အိပ်​ပျော်သွား​လေရဲ့..။

_____________________

     " အခုလို အန်ကယ်လ် တို့ Company နဲ့ ပူးပေါင်း ပေးတဲ့ အတွက် မင်းကို ကျေးဇူး တင်ပါတယ် Mr.Kim"

   " ရပါတယ် ဗျာ Company အကျိုး ရှိမယ့် ကိစ္စပဲဟာ ကျွန်တော် မလုပ်နိုင်စရာ အကြောင်း မရှိပါဘူး "

  " အဲ့ဒါဆို အန်ကယ်လ် တို့ ဟိုဘက်က ဧည့်သည်တွေကို သွား နှုတ်ဆက် လိုက်ဉ်ီးမယ် ခွင့်ပြုပါဦး "

  " ဟုတ်ကဲ့ပါ ခင်ဗျ "

        DO ဇနီးမောင်နှံ ကျောခိုင်းသွားတော့ Jongin တွေးမိသည်။

လိုက်ဖက်လွန်းလှတဲ့ ဇနီး မောင်နှံဟု။ ထိုအချိန် ကျောကုန်းကို ဖျတ်ခနဲ ပုတ်လိုက်တာ ကြောင့် လှည့်ကြည့်မိတော့ ကျောင်းတုန်းက သူငယ်ချင်း Oh sehun... ဘေးမှာလည်း Yifan ပါ ပါသည်။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now