Kyung Soo ခပ်တင်းတင်း ဆိုမိတော့ Yoo Jae Hwa က ရှေ့ကို နှစ်လှမ်းလောက် တိုးလာကာ....

   " ကျစ်!!! .. Kyung Soo ရာ.... အဲ့လို သူစိမ်း မဆန်ပါနဲ့လား.... ဒါနဲ့ မင်းရဲ့ ချစ်သူ ဆိုတာက ချောသားနော် ... ဒါပေမယ့်... အသက်တော့ နည်းနည်း ကြီး နေသလိုပဲ ... မင်း ဘယ်လို မြူစွယ်လိုက်တာလဲ ဟင်... Do Kyung Soo..."

   " ဘာ..........."

       Kyung Soo ဒေါသထွက်ကာ အော်လိုက်မိသည်။

ပေါက်ကွဲချင်လာသည့် စိတ်တို့ကြောင့် မျက်နှာ ဖြူနုနု က နီရဲကာ နေလေပြီ ... ။

Canteen မှာ  စားနေကြသည့် ကျောင်းသားတွေကလည်း ဒီရန်ပွဲကို တဖြည်းဖြည်း အာရုံစိုက်လာကြသည်။

Kyung Soo တလိပ်လိပ် တက်လာသည့် ဒေါသတွေကြောင့် Jae Hwa ရဲ့ အင်္ကျီစကို ဆွဲကာ

    " Yoo Jae Hwa.... မင်း... ငါ့နောက်ကို နောက်ယောင်ခံ လိုက်နေတာလား... ဟမ်..."

   " ငါမင်းကို ပြောထားပြီးသားမလား.... မင်းကို စိတ်ဆင်းရဲအောင် လုပ်ဖို့ ငါရောက်လာတာပါလို့လေ... "

" ခွပ်........ "

   မထီတထီ မျက်နှာပေးနဲ့ Jae Hwa ရဲ့ မျက်နှာပေါ်ကို Kyung Soo လက်သီးတစ်ချက်က ထိခတ်သွားပြီးနောက်...

    " ဒီမှာ.. Yoo Jae Hwa ... မင်း..ဘာလုပ်လုပ် ငါ မကြောက်ဘူး... ဒါပေမယ့် ငါတို့ ပြဿနာနဲ့ မဆိုင်တဲ့ သူကို ဆွဲမထည့်နဲ့ ... "

  " စိတ်တော့မကောင်းဘူး Do Kyung Soo ငါက မင်းစကားကို နားထောင်ဖို့ စိတ်ကူး တစ်စက်ကလေးမှ ............မရှိဘူး .... "

   " ဟာကွာ.... တောက်'!!!"

        Kyung Soo ရဲ့ တောက်ခေါက်သံ ခပ်ပြင်းပြင်း တစ်ချက် အပြီးမှာ နှစ်ယောက်လုံး လုံးထွေးသွားကြသည်။

Chanyeol တို့ရော အားလုံးရော ဝင်ဆွဲလည်း မရ။

Kyung Soo လည်း ဒေါသတွေ ထွက်နေတာကြောင့် သွေးဆိုးနေတာပင်..။

နှစ်ယောက်လုံး လုံးထွေးကာ တစ်ယောက် တစ်လှည့် ထိုးကြိတ်နေကြသည့် ရန်ပွဲက ဆရာရောက်လာမှ လူချင်းခွဲကာ  ရုံးခန်းသို့ ရောက်သွားပြီး မှ ရပ်စဲသွားလေသည်။...

______________________________

    " Kyungie အပေါ် တက် နားလိုက်တော့နော် ...... "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Onde histórias criam vida. Descubra agora