" အေးပါဟ ငါ မှားတာပါ ပြောပါတော့ကွာ "

" အင်း ငါ ချစ်နေတာက Kyung Sooလို့ ........ ဟီး "

" ​အော်..Kyung Soo... ဘာရယ်... နေဦး.... ငါ့ညီလား "

" အေးလေ .... မင်းညီလေ Yifan ရဲ့ အူကြောင်ကြောင် နဲ့ "

" မင်း.....နောက်နေတာလား Jongin "

" ငါ့ပုံစံက နောက်နေတဲ့ ပုံပေါက်လို့လား Yifan ရာ အတည်ပြောနေတာဟ မင်း မယုံဘူးမလား ငါလည်း ကောင်လေး မယုံမှာ စိုးရိမ်တယ် "

" ဒီမှာ Jongin ငါ မင်းကို ယုံပါတယ် ငါ ကံကြမ္မာကို မယုံဘူး ဒီကလေးမှာ စိတ်ဒဏ်ရာတွေ များတာ မင်း အသိပဲ ဒီထက်ပိုပြီး မနာကျင်စေချင်ဘူး "

" ငါ နားလည်ပါတယ်ကွာ ဒါကြောင့် ငါလည်း အပြန်ပြန် အလှန်လှန် စဉ်းစားပြီးပြီ သုံးသပ်ကြည့်ပြီးပြီ ငါ ကောင်လေးကို ချစ်တာ သေချာတယ် Yifan "

" အဲ့ဒါဆိုလည်း မင်း သဘောပဲလေ ငါ မတားပါဘူး Kyungie သဘောကို မေးကြည့်ပေါ့ "

" ဟီး.... မင်း လည်း ကူညီလေနော် ယောက်ဖ "

" မင်းကြီးတော်လင် မို့ ယောက်ဖ လို့ ခေါ်တာလား "

" ဟဲ ဟဲ မကျေနပ်ရင် ငါ့အစ်မ Mira ကို ယူမလား ယူလို့ရတယ်​နော် "

" အမလေး! တော်စမ်းပါကွာ မင်း အစ်မက သူ့လူနာတွေထက် ပိုပြီး စိတ်ဖောက်ချင်နေတာ "

" ဟား ဟား ဟား "

Jongin နဲ့ Yifan ရယ် ရယ် မော မော နှင့်ပင် နေ့လည်စာ စားဖြစ်ခဲ့ကြသည်။

Yifan ဆီမှ ကူညီပေးမည်ဟု ကတိနှင့် အတူ Kim Jongin မျက်နှာကြီး ဖြီးနေမည်မှာ မလွဲမသွေ ပင်.......။

______________

" Byun Baekhyun နည်းနည်း လေး ဖယ်စမ်းပါဦးကွာ "

Kyung Soo လက်ထဲက ballpen ကို ချကာ လက်မောင်းကို လာတွယ်ထားတဲ့ Baekhyun လက်တွေကို ရိုက်ကာ ပြောလိုက်သည်။

" Kyung Soo ကလည်း ငါ ပျင်းလို့ဟာကို "

" အမလေး သောက်ပိုတွေ ဟေ့ကောင် မင်းတို့ နှစ်ယောက် ကောက်နေတာ မလား "

" အင်း..... ဟုတ်တယ် Kyung Soo.. "

ပြောရင်း ဆိုရင်း မျက်နှာညှိုးကျသွားတဲ့ Baekhyun ရယ်ပါ ။ ကြည့်ရတာ Chanyeol စိတ်ဆိုးသွားတာ ဖြစ်မည်။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now