" အားလုံးပဲ မင်္ဂလာပါ ကျွန်တော် ကတော့ Shinsong အထက်တန်း ကျောင်းက ပြောင်းလာတဲ့ Yoo...Jae....Hwa ပါ"

     သူ မိတ်ဆက်လိုက်သော နာမည် ၏ အဆုံး သတ်က အိတ်ထဲ တွင် လှုပ်ရှားနေသော Kyung Soo လက် အစုံတို့ကို ရပ်တန့်စေသည်။

Kyung Soo မဖြစ်ပါစေနဲ့ ဟုသာ ဆုတောင်းရင်း မော့ကြည့်လိုက်သော်ငြား
Kyung Soo နှင့် Chanyeol ရှိရာ ခုံဆီသို့ စူးရှစွာ စိုက်ကြည့်နေသည့်  Yoo...Jae...Hwa သည် Kyung Soo တို့ နှင့် နီးကပ်စွာ မြင်တွေ့ဖူးသော သူစိမ်း ပင် ဖြစ်နေခဲ့လေသည်။

__________________

   " မတွေ့ရတာ ကြာပြီနော် Do Kyung Soo နဲ့ Park Chanyeol "

      ထမင်းစားနေတဲ့ Kyung Soo တို့ ဝိုင်းနားက တန်းတန်း မတ်မတ် ထွက်ပေါ်လာတဲ့ အသံကို ကြားတာနဲ့ Kyung Soo မော့ကြည့်လိုက်တော့ Yoo Jae Hwa.

   " အင်း.... မတွေ့တာ ကြာပြီနော် ဟင်းးး "

    Chanyeol ဆီက ထွက်လာတဲ့ အေးစက်စက် ပြန်လည် နှုတ်ဆက်စကား ။

   " ဘယ်လိုလဲ Kyung Soo ငါ့ကို မြင်တော့ မင်း တစ်စုံတစ်ယောက်ကို အားနာ စိတ်လေးများ ဝင်မလာဘူးလား ဟက်"

   Jae Hwa ၏ ခြောက်ကပ်ကပ် ရယ်သံအချို့က Kyung Soo ကို အားအင် ချည့်နဲ့ စေသည်။

ကြိုးစား မေ့ပျောက်ထားရသော အတိတ် တစ်ချို့က ပြန်လည် တွေးတော ခြင်း မရှိပါပဲနှင့် အလုံးအရင်း ဝင်ရောက်လာကြသည်။
Chanyeolက

   " Yoo Jae Hwa မင်း ကျောင်းပြောင်းလာရင်လည်း အေးအေး ဆေးဆေး နေသင့်တယ် ဘာလို့ ငါတို့နဲ့ လာပက်သက်နေတာလဲ "

  " ဟာသတွေ မပြောစမ်းနဲ့ Park Chanyeol ငါ ဒီကျောင်းကို အေးအေး ဆေးဆေး နေဖို့ ပြောင်းလာတယ်များ ထင်နေတာလား ဟားးးးး စိတ်တော့ မကောင်းဘူးကွာ ငါဆိုတဲ့ ကောင်က မင်းတို့ ပျော်ရွှင်မှုတွေကို နှောက်ယှက်နေဦးမှာ အထူးသဖြင့် Do Kyung Soo ပေါ့လေ "

   မဲ့ပြုံးပြုံးကာ လှည့်ထွက်သွားတဲ့ သူ့ကို Chanyeol က ဆွဲထိုးဖို့ ပြင်နေတာကြောင့် Baekhyun က ခြေကန်ပြီး ဆွဲထားရသည်။

Kyung Soo ကတော့ နေရာမှာပင် ကျောက်ရုပ်လို ငိုင်နေတုန်း ။

တစ်ချိန်က Jae Hwa နှင့် သူတို့သည် ရန်သူ ဖြစ်လာလိမ့်မည်ဟု မတွေးဖူးခဲ့။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now