Fans: "Kim Min Seok~ Kim Min Seok~ Kim Min Seok~"

Xiumin: "Ah~ EXO Ls လေးတွေ တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ဘဝမှာ အခုလိုမျိုးကြီးကျယ်ခမ်းနားတဲ့ အမှတ်တရတွေထဲပါဝင်ခွင့်ရတာကို အမြဲအမှတ်ရနေမှာပါ~ အမြဲတမ်းအတွက် ကျေးဇူးတင်ပါတယ်~~~"

Fans: "Byun Baek Hyun~ Byun Baek Hyun~ Byun Baek Hyun~~"

Baek: "Aeri တို့..."

Fans: "Nae~~~"

Baek: " Ah~~~ Aeri တွေလို့နောက်ဆုံးခေါ်ရတာပေါ့... umm~~umm"

Baekhyun ပြောရင်းနဲ့မျက်ရည်စီးကြလာသည်။

Fans: "Ulgyima~ Ulgyima~ Ulgyima~~~"

အောက်ကနေအော်နေတဲ့ fans တွေရဲ့ မျက်လုံးမှာလဲ မျက်ရည်တွေအပြည့်နဲ့လေ...

Baek နှာတရှုံရှုံလုပ်နေသည်။ Chanyeol အနားကိုရောက်လာပြီး Baek လည်တိုင်လေးကိုပွတ်ပေးသည်။ ဒါပေမယ့် Baekhyun ကရှိုက်ပြီးငိုလာတဲ့အတွက် Baekhyun ကိုယ်လေးကိုဆွဲကာ သူ့ရင်ခွင်ထဲထည့်လိုက်ပြီး သူ့ရင်ခွင်ထဲမှာငိုစေသည်လေ။

အောက်က ပရိတ်သတ်တွေရဲ့ အော်သံတွေနဲ့ ငိုရှိက်သံတွေကလဲ တစ်ကွင်းလုံးအပြည့်....

*တစ်ခြားသူတွေရဲ့ တိုက်ခိုက်မှု့ကိုခံရပေမယ့်... သူတို့ယုံကြည်ရာတစ်ခုအတွက် အခြားသူတွေကိုဆန့်ကျင်ရင်း ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နေကြတဲ့ သူတို့တွေရဲ့ အတိုင်းအဆမရှိတဲ့ အချစ်တွေကိုရရှိခဲ့တာ ကျွန်တော်တို့တွေ ဘယ်လောက်ကံကောင်းလိုက်သလဲ*

Baek မျက်ရည်တွေကိုသုတ်လိုက်ရင်း...

Baek: " Aeri တို့~ Appa ကိုချစ်ပေးကြတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် ဟောဒီက ငွေရောင်သမုဒ္ဒရာကြီးကို အမြဲအမှတ်ရနေပြီး အမြဲလဲလွမ်းနေမှာပါ။ Appa ရဲ့ Aeri လေးတွေ နောက်ဆိုအစစအရာရာ ဂရုစိုက်ကြနော်~ နွေးနွေးထွေးထွေးလဲနေ~ အစားကိုလဲမှန်မှန်စားပြီး အရမ်းကြီးလဲငိုမနေကြနဲ့ဦးနော်~ Appa စကားကိုနားထောင်ကြနော်~ Aeri တို့ Saranghae~~~ ❤️❤️❤️"

Fans: " Nae~ Oh Sehun~ Oh Sehun~ Oh Sehun"

Sehun: "Umm... အားလုံးဆီကနေ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ အားလုံးကို ချစ်ပါတယ်။ ရှိခဲ့တဲ့အမှတ်တရတွေကို ရင်ထဲမှာသိမ်းထားရင်း ရှင်သန်သွားပါ့မယ်..."

PromiseWhere stories live. Discover now