Part II

30 6 3
                                        

Unicode

Suho P.O.V

ပွဲစဖို့ရက်ကလဲနီးကပ်လာတာကြောင့် member တွေအားလုံးကြိုးစားပမ်းစားလေ့ကျင့်နေကြသည်။

Dance Practice လုပ်ပြီးခဏအမောဖြေနေကြတဲ့ member တွေကိုကြည့်ရင်း အတွေးတွေကအတိတ်ဆီသို့...

Flash Back

2012 ခုနှစ်သူတို့တွေ Dance Practice လုပ်စဉ်တုန်းက အခုလိုမျိုူပဲ member အားလုံးပင်ပန်းပြီးအနားယူနေကြသည်။ Baekhyun က ရုတ်တရပ် D.O. ကိုသွားစလိုက်တာကြောင့် ဟိုကလိုက်ရိုက်တော့ Baekhyun က ရှေ့ကပြေး D.O. ကနောက်ကလိုက်နဲ့ ၂ ယောက်သားအခန်းကို ပတ်ပြေးနေကြသည်။

Chanyeol, Kai, Sehun နဲ့ Tao တို့ကတော့ ၄ ယောက်သားခေါင်းချင်းဆိုင်ပြီး Game ကိုအသေအကြေကစားနေကြသည်။ Lay ကတော့ စားပွဲကိုခေါင်းမှီကာအိပ်စက်ချင်းအလုပ်ကို လုပ်နေသည်လေ။ ဒီလောက်ဆူညံနေတဲ့ကြားထဲက အိပ်ပျော်အောင်အိပ်နိုင်တဲ့ သူ့ရဲ့ skill ကိုတော့လေးစားမိသည်။

တစ်ခြားတစ်ဖက်မှာက Luhan ရဲ့ တရုတ်ပြည်အကြောင်း ဋီကာဖွင့်ခန်းကို Xiumin နဲ့ Chen က ပါးစပ်လေးအဟောင်းသားနဲ့နားထောင်နေသည်။ အဲ့အချိန်တုန်းကတော့ သူနဲ့ Kris ၂ ယောက်သားတစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးရယ်ကာ သူတို့ရဲ့ training ကာလအမှတ်တရလေးကို ပျော်ရွှင်စွာဖြတ်သန်းကြသည်။

Flash Back End

အခုတော့ member တွေကြားတိတ်ဆိတ်မှု့ကသာကြီးဆိုးနေသည်။ အဖွဲ့ထဲက ပျော်ပျော်နေတတ်ဆုံးနဲ့ စကားအများဆုံး ၂ ယောက်ဖြစ်တဲ့ Chanyeol နဲ့ Baekhyun တို့တောင်ဘားမှမပြောကြပေ။

Suho: " အားလုံးပဲ ငါတို့ဒီသီးချင်းတစ်ပုဒ်ပြီးရင်နားကြတာပေါ့"

member တွေကြားတိတ်ဆိတ်နေတာကိုမကြိုက်တာကြောင့် သူကပဲစကားစလိုက်သည်။

Kai: " Nae~ Hyung. ဒါဆို ဒီတစ်ပုဒ်ပြီးရင် ကြက်ကြော်လိုက်ဝယ်ကျွေးပါ။ ကျွန်တော်ဗိုက်ဆာလို့.. ဟီး"

Kai ကသူ့နောက်ကပါလာတဲ့အတွက် Suho ဝမ်းသာမိသည်။

Sehun: "အဲ့ Choco ကောင် အမြဲဗိုက်ဆာနေတော့တာပဲ။ ကျွန်တော့်ကိုလဲ Bubble Tea ဝယ်တိုက်ပါ Hyung...."

Kai: "မင်းလဲ Bubble Tea ဝယ်တိုက်ခိုင်းပြီးတော့များ ငါ့ကိုဗိုက်ဆာနေတယ်ပဲပြောရတယ်ရှိသေး~"

PromiseTahanan ng mga kuwento. Tumuklas ngayon