" hello အမိန့်ရှိပါ "

   ✆ ..............✆

   " ဗျာ ရဲစခန်းက? Kyung Soo ကလား? "

    ✆ ..........✆

   "ဟုတ်ကဲ့.. အခုပဲ လာခဲ့ပါ့မယ် "

      Ph ချပြီးတာနဲ့ ကားသော့ ဆွဲကာ ပြေးရပြန်သည်။

ကောင်လေးက ရဲစခန်း ရောက်နေတယ်တဲ့ ။ ကားကို ကိုယ်တိုင်ပင် မောင်းကာ အမြန်သွားရသည်။

ရဲစခန်းကို ရောက်တော့ ဟိုဟို ဒီဒီ ရှာကြည့်တော့ တွေပါပြီ။ ရဲ တစ်ယောက် ရှေ့မှာ ထိုင်နေတဲ့ ကောင်လေး ။

    " ကောင်လေး ......."

    " Hyung ~~~~"

        ခေါ်လိုက်တော့ မော့ကြည့်လာရှာတဲ့ ကောင်လေး။ မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့။ နှုတ်ခမ်းထောင့် စွန်းမှာလည်း သွေးစို့နေသေးတာ။

  " ဘယ်လို ဖြစ်တာလဲ ကောင်လေးရယ် ဟင် "

  " ကဲ ကဲ ဒီမှာ ထိုင်လိုက်ပါ ကျုပ်ရှင်းပြမယ် "

       Kyung Soo ရှေ့မှာ ထိုင်နေတဲ့ ရဲမှူး ရဲ့ ဘု ဆတ် ဆတ် စကား။

သူကလည်း သူပဲ။ ရောက်ကတည်းက အာရုံက ကောင်လေး ဆီက မရွေ့သေးတာ။

မျက်ထောင့်နီနဲ့ ကြည့် နေတဲ့ ရဲမှူးကို သွားဖြဲပြကာ ထိုင်လိုက်ရသည်။ ရဲမှူးက

   " ဒီက Do Kyung Soo ကို အာမခံပေးမှာလား "

   " ဟုတ်ကဲ့ပါ ခင်ဗျ"

   " ဒီလိုပါ မိန်းကလေး တစ်ယောက်ကို ဟို လူ သုံးယောက်က အနိုင်ကျင့်တာကို ဒီက မောင်ရင်က ကူညီတာပါ။ ဒါပေမယ့် ကျောင်းသားဆိုတော့ အာမခံ လိုတာမို့ အုပ်ထိန်းသူကို ခေါ်လိုက်ရတာပါ ဒီမှာ  လက်မှတ်ထိုးလိုက်ပါ "

   " ဟုတ်ကဲ့ပါ "

          လက်မှတ် ထိုးပြီးတော့ ကောင်လေးကို ရဲစခန်းမှ ခေါ်ထုတ်လာနိုင်ခဲ့သည်။ ကားပေါ်ရောက်တော့

   " ကျေးဇူးတင်ပါတယ် Hyung "

      မျက်လွှာလေးချပြီး ကျေးဇူးတင်စကား ပြောလာလေရဲ့...

  " ရပါတယ် ကောင်လေးရဲ့ စိတ်ထဲ မထားနဲ့နော်  တစ်ခုခုသွားစားကြမလား ဗိုက်ဆာတယ် မလား "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now