" ဟေ့လူတွေ ခင်ဗျားတို့ ဘာလို့ မိန်းကလေး တစ်ယောက်ကို နှောက်ယှက်နေတာလဲ ဟမ် "

   " ဟ! ငါတို့ ဘာသာ ဘာလုပ်လုပ်ပေါ့ကွ မင်း ေ-ာက်ပူ ပါလား ဟေ့ကျောင်းသား Hero ဝင်မလုပ်ပဲ မင်းလမ်း မင်းပြန် စမ်းကွာ "

  " ကျစ်!!! ကျုပ် ေ-ာက်ပူတော့ မပါဘူး ဒါပေမယ့် မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်နေလို့ ဝင်ပါရတာ ရှင်းလား ခင်ဗျားတို့ မြန်မြန် လွှတ်လိုက်စမ်းပါ ကျုပ် ရဲခေါ်ရမှာလား "

     Kyung Soo စိတ်မရှည်သလို ပြောတော့ သူတို့ ထဲက တစ်ယောက်က

   " ဟာကွာ လူက လက်တောက်လောက်နဲ့ ရှုပ်တယ်ကွာ ဟေ့ကောင်တွေ ရိုက်စမ်းကွာ ဒီကောင့်ကို "

     ထိုလူက စကားလည်း အဆုံး လက်ကလည်း ဝိုက်ထိုးလာတာကြောင့် Kyung Soo ရှောင်လိုက်ပြီး ခြေထောက်နဲ့ လည်ပင်းကို ဖြတ်ကန်လိုက်တာကြောင့် ထိုလူ အငိုက်မိကာ မြေပြင်ပေါ် လဲကျသွားရသည်။

သူ့ ခမျာ ချောင်းတဟွတ်ဟွတ် ဆိုးလို့ ။

ဒါတောင် Kyung Soo ခြေထောက် တိုနေလို့ မဟုတ်လျှင် နှာခေါင်းရိုး ကျိုးတဲ့ အထိ ဖြစ်နိုင်သည်။

ပထမလူ လဲသွားတော့ နောက် နှစ်ယောက်ကပါ ရှူးရှူး ရှားရှားနဲ့ Kyung Soo ဆီ ပြေးဝင်လာကြသည်၊။

Kyung Soo မှီသလောက်တော့ တိုက်ခိုက်နေပေမယ့် နှစ်ယောက် တစ်ယောက်ဆိုတော့ ကြာတော့ မဟန်တော့ ။

ကင်းလှည့်ရဲတွေ ရောက်လာတော့မှ Kyung Soo ရော သူတို့ရော အနိုင်ကျင့်ခံရသည့် မိန်းကလေးပါ ရဲစခန်းသို့ အလည် တစ်ခေါက် ရောက်သွားရတော့သည်။

______________________

    " အားးး ပင်ပန်းလိုက်တာ "

       ရုံးခန်းထဲက sofa ပေါ် ထိုင်ချလိုက်ကာ ညည်းတွား မိလိုက်သည်။

ဒီနေ့ တစ်နေ့လုံး ရှယ်ယာရှင်တွေနဲ့ တွေ့နေရတာ ကြောင့် မနားရသေး ။

နေ့လည်စာ ဆိုတာလည်း ဘယ်နေမှန်း မသိ ။

Sofa ပေါ် လှဲလျောင်းကာ အနားယူနေတုန်း ကျယ်လောင်စွာ မြည်လာတဲ့ Ph သံကြောင့် လန့်သွားရသည်။

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Där berättelser lever. Upptäck nu