#Third : "Kit ငါမင်းကိုသတိရ​နေတာ..."

သူကျွန်​​တော့်​ကိုဖက်​လိုက်​​တော့ကျွန်​​တော်​သူ့ကို​ဖြေး​ဖြေးပဲတွန်းလိုက်​မိတယ်​...လူ​တွေ ကျွန်​​တော်​တို့၂​ယောက်​ကိုတမျိုးထင်​မှာ ကျွန်​​တော်​မလိုလားဘူး​လေ...

#Third : "Sorry Kit...ငါတို့စကား​ပြောလို့ရမလား..."

ကျွန်​​တော်​​ခေါင်းညိတ်​ပြပီး လမ်းတဖက်​က​ကော်​ဖီဆိုင်​ဆီသွား​နေတဲ့သူ့​​နောက်​ကိုလိုက်​သွားလိုက်​တယ်​...

ကျွန်​​တော်​​​ကော်​ဖီခွက်​ကိုကြည့်​ပီး Thirdကိုကြည့်​လိုက်​တယ်​...

#Third : "ငါအ​ဝေးကြီးကိုထွက်​သွား​တော့မှာKit...
ငါဒီကိုလာခဲ့တာက မင်းငါနဲ့အတူလိုက်​နိုင်​မလားဆိုပီး ​မေးချင်​လို့လာခဲ့တာ..."

#Kit : "Third တကယ်​​တော့ငါ..."

Thirdကကျွန်​​တော်​​ပြောချင်​တဲ့စကားကိုပီးဆုံး​အောင်​​ပြောခွင့်​မ​ပေးပဲ ဖြတ်​​ပြောလိုက်​တယ်​...

#Third : "​ကျေးဇူးပြုပီး ငါ​ပြောတာကိုနား​ထောင်​​ပေးပါKit..."

ကျွန်​​တော်​​ခေါင်းညိမ့်​ပြလိုက်​​တော့ သူကပြုံးပီးစကားကို
ဆက်​​ပြောတယ်​...

#Third : "မင်းသိလား...ဒီတချိန်​လုံးMing ဘာ​တွေဖစ်​​နေတယ်​ဆိုတာ ငါသိခဲ့​ပေမဲ့ မင်းကိုပြန်​မ​ပြောပြခဲ့မိတဲ့အတွက်​ ငါ​တောင်းပန်​ပါတယ်​..."

အမှန်​တရားဆိုတာ နာကျဉ်​ရစမြဲပဲ...စိတ်​​လျော့ပီး နား​ထောင်​စမ်းKit...

#Third : "ငါတကယ်​အရူးပဲ...တ​နေ့​နေ့​တော့မင်း​Ming ကို​မေ့သွားပီး ငါကိုလက်​ခံလာလိမ့်​မယ်​လို့ငါထင်​ခဲ့တာ...​မင်းနှလုံးသားကိုပိုင်​ဆိုင်​ဖို့အတွက်​ အစွမ်းကုန်​ကြိုးစားခဲ့တယ်​...ဒါ​ပေမဲ့ Mingအ​ပေါ်ထားတဲ့မင်း​ရဲ့အချစ်​ကစိန်​လိုပဲ...မာ​ကြောပီး​ချေမွဖျက်​ဆီးဖို့ခက်​​ပေမဲ့ လှပလွန်းတယ်​...ငါမင်းကို proposeလုပ်​ခဲ့တဲ့​နေ့ကိုမှတ်​မိလား..."

ကျွန်​​တော်​​ခေါင်းညိတ်​ပြလိုက်​​တော့သူပြုံးလိုက်​တယ်​...
ကျွန်​​တော်​အဲ့ဒီ​နေ့ကို မှတ်​မိ​နေတာ​ပေါ့...

Nobody Is PerfectWhere stories live. Discover now