ကျွန်​​တော်​ Phanaအနားသွားပီး ကျွန်​​တော်
အရမ်းသတိရ​နေတဲ့ သူငယ်​ချင်းကိုဖက်​လိုက်​တယ်​...

#Kit : "ငါ​တောင်းပန်​ပါတယ်​Phana...ငါလည်းမင်းကိုအရမ်းသတိရပါတယ်​ ...ပီး​တော့ ခုနလိုငါ့ကို​ကြောက်​​အောင်​ ထပ်​မလုပ်​နဲ့​တော့..."

ကျွန်​​တော်​ဖက်​ထားတာကိုခွာရင်း​ပြောလိုက်​တယ်​...
Phanaကရီရင်းကျွန်​​တော်​ဆံပင်​​တွေကို
ဆွဲဖွလိုက်​တယ်​...

#Phana : "မင်းပြန်​လာလို့ ငါဝမ်းသာပါတယ်​Kit..."

ကျွန်​​တော်​ပြုံးလိုက်​ပီးMing ရဲ့​ဘေးမှာပဲပြန်​သွားထိုင်​လိုက်​တယ်​...Mingကကျွန်​​တော့်​ပုခုံးကိုလှမ်းဖက်​ပီး ပါးကိုနမ်းလိုက်​တယ်​...

#Beam : "မင်းတို့၂​ယောက်​​တော်​သင့်​ပီ​နော်​...အိုး...ငါ့​​မျက်​စိ​လေးကိုသနားလိုက်​တာ...ပီး​တော့ ​ကျေးဇူးပြုပီး ​နောက်​တခါကြရင်​ တံခါး​လော့ခ်​ချတာ​လေးကို​လေ့လာထား..."

အိုး...Beam က​တော့ဒီကိစ္စကိုအစ​ဖော်​​နေပီ...ကျွန်​​တော်​သိတယ်​...သူဘယ်​​တော့မှ​ပြောင်းလဲမှာမဟုတ်​ဘူးဆိုတာ...

#Kit : "ဒါမှမဟုတ်​ မင်းလည်းတံခါးကို ဘယ်​လို​ခေါက်​ရတယ်​ဆိုတာသင်​ထားသင့်​တယ်​​လေ...သူငယ်​ချင်းရဲ့..."

ကျွန်​​တော်​မျက်​လုံး​ကိုလှည့်​လိုက်​ပီး Beamကိုလှမ်းကြည့်​ရင်း လျှာထုတ်​ပြလိုက်​တယ်​...

#Forth : "မင်းတို့ဘာကိစ္စကို​ပြော​နေကြတာလဲ..."

Forthရဲ့ရုတ်​တရက်​အ​မေး​ကြောင့်​ Beamမျက်​နှာကစပ်​ဖြဲဖြဲဖစ်​သွား​တော့တယ်​...ကျွန်​​တော်​ Beamကို
မျက်​လုံးပြူးပြလိုက်​​ပေမဲ့ သိတယ်​မှတ်​လား...
သူကBeam​လေ...အဲ့ဒီ​တော့...

#Beam : "Mingနဲ့Kitနဲ့အခန်းထဲမှာ အချစ်​ကမ္ဘာတည်​​ဆောက်​ဖို့ကြိုးစား​နေတာကို ငါ​တွေ့ခဲ့တယ်​..."

တည်​ငြိမ်​သူ Phanaအပါအဝင်​အကုန်​လုံးပါးစပ်
အ​ဟောင်းသားဖစ်​ကုန်​​တော့တယ်​...

Mingကရီပီးကျွန်​​တော့်​ကိုဖက်​လိုက်​တယ်​...ကျွန်​​တော်​Mingရဲ့လက်​​မောင်း​ကြားထဲမှာမျက်​နှာကိုဝှက်​ထားမိတယ်​...မျက်​နှာ​တွေပူလိုက်​တာ...

Nobody Is PerfectOnde histórias criam vida. Descubra agora