Episode 1

12.8K 571 12
                                    

Unicode

    " ဂုဏ်ယူပါတယ် ဥက္ကဌကြီး မြေး ယောကျ်ားလေး မွေးပါတယ် မိခင်ရော ကလေးရော ကျန်းမာပါတယ် "

     မွေးခန်းထဲက ထွက်လာတဲ့ ပါရဂူရဲ့ စကား ကိုကြားပြီး ဥက္ကဌကြီး Do Min Joon တို့ ဇနီးမောင်နှံ ပျော်ရွှင်နေတာ အမှန် ။

Do မိသားစုရဲ့ ဆက်ခံသူလေး အဖြစ် Do Kyung Soo ဟု မိခင် ဝမ်းထဲ ရှိကတည်းက အမည်နာမ သတ်မှတ်ခဲ့ကြသည်။

ပျော်ရွှင်နေရင်းမှ ဇနီးသည်က တစ်ခုခု သတိရဟန်ဖြင့် ဘေးမှ အတွင်းရေးမှူးအားလှည့်လို့​မေးသည်။

    " Mr. Shin ရေ Young Min က ဘာလို့ ရောက်မလာသေးရတာလဲ သူ့ ဇနီး မီးဖွားတာ မသိဘူးလား "

   "ကျွန်တော် ဖုန်းဆက်ထားပါတယ် သခင်မကြီး အလုပ်တွေ အရေးကြီးလို့ မလာနိုင်ပါဘူးတဲ့ "

       Mr.Shin စကား အဆုံး ဥက္ကဌကြီးက သက်ပြင်းချကာ ခပ်​လေး​လေးဆို၏။

   " ဒီကလေးကတော့ သူတို့ မာနတွေကြားထဲ ဓားစာခံ ဖြစ်တော့မှာပဲ~"

  "ဟုတ်ပ ​ယောကျ်ားရယ် ကျွန်မတော့ ဒီကလေးကို သနားလာပြီ "

     ထိုအခြေအနေတွေကို မသိသော မွေးကင်းစ ကလေးငယ်ကတော့ ဆေးရုံခန်းအတွင်းမှာ အိပ်မောကျလို့ •••••••

     ဒီကလေးရဲ့ ကံကြမ္မာဟာ မချစ်မနှစ်သက်ပဲ အမှား တစ်ခုကြောင့် လက်ထပ်ခဲ့ရသည့် မိဘနှစ်ပါး၏ မာနကြောင့် ဘာတွေဖြစ်လာမယ် မှန်း အမှန်တကယ်ပင် ကြိုမတွေးနိုင် ။

ပြိုင်ဘက် Company နှစ်ခုရဲ့ သူဌေး နှစ်ယောက် မထင်မှတ်တဲ့ အမှားကြောင့် လက်ထပ်လိုက်ရသည်။

လက်ထပ်ပြီးသည့် နောက်ပိုင်းတွင်လည်း ပြိုင်ဆိုင်နေတုန်း။

ကိုယ်ဝန်ရှိလာသည့်နောက် နှစ်ယောက်စလုံးက ဖျက်ချရန်ကြိုးပမ်းခဲ့ကြ​သေးသည်။

မအောင်မြင် သဖြင့် ယခုလို မွေးဖွားခဲ့ရခြင်းပင်။

မွေးမိခင်ကပင် အရေးမပါတဲ့ ကလေးဟု ဆိုကာ ခွဲမွေးခဲ့သည်။

ဖခင်ကလည်း လာရောက် ကြည့်ရှုခြင်းမရှိ ။

အရာအားလုံးက အစကတည်းကပင် မှားယွင်းနေခဲ့လေပြီ •••

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now