အခန်း (၁၈) - မွေးဖွားလာဖို့ အရမ်းဖြစ်နိုင်ချေရှိပါတယ်

2.9K 334 21
                                    

လူရွေးပွဲနေရာက ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီရဲ့ အစမ်းလေ့ကျင့်သည့်ခန်းမမှာ ဖြစ်သည်။ Li Shang က အစောကြီး ရောက်နေကာ အစမ်းလေ့ကျင့်ရေးခန်းမ အကြီးကြီးမှာ လူအနည်းငယ်ပဲရှိနေပြီး အများစုမှာ ၀န်ထမ်းများဖြစ်သည်။

"ဟေ့...ငါတို့ကို ကူညီစမ်းပါ... ဒီစားပွဲလေးရွှေ့ပေးပါ" လူတစ်ယောက်က
Li Shang ကို ပြောလိုက်သည်။

Li Shang လည်း အားနေတော့ အဲဒီနေရာက အလုပ်လေးတွေကို ၀ိုင်းကူလုပ်နေခဲ့လိုက်သည်။

နာရီဝက်လောက်ကြာတော့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ၀င်လာကြသည်။ အရံများအဖြစ် ရွေးချယ်ခံထားရတဲ့အဖွဲ့အပြင် အနုပညာ ကျောင်းသားတွေ မော်ဒယ်တွေနဲ့ အရမ်းထက်မြက်တဲ့ပုံစံမျိုးနဲ့ နာမည်ကြီးတံဆိပ် ဝေတ်အစားတွေ ၀တ်ထားတဲ့ အခွင့်ထူးခံ လူတွေလည်းရှိသည်။ ကိုယ်ရံတော်တွေ လက်ထောက်တွေ မိတ်ကပ်ပညာရှင်တွေ ဘယ်ညာဝန်းရံကာ မိသားစုက အတင်းဆွဲခေါ်လာတဲ့သူတွေတောင် ရှိသည်။

ဒီလူတွေကိုကြည့်ပြီးတော့ Li Shang က သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိပြီး အထူးသဖြင့် ဘောင်းဘီအပြဲကို ကြည့်ကာ အတော်လေး သိမ်ငယ်သလို ခံစားမိ၏။

နံပါတ်ပြားရဖို့အတွက် စောင့်နေတုန်း Li Shang ရှေ့က ခပ်ချောချောလူက Armani ၀တ်စုံ အင်္ကျီကိုချွတ်လိုက်ပြီး နောက်လှည့်ကာ
Li Shang လက်ထဲ ထိုးထည့်ပြီး "ကိုယ့်အတွက် ကိုင်ပေးထားပါ" လို့ ပြောလိုက်၏။

"ကျွန်တော့်ကိုပြောတာလား" Li Shang က အရမ်းအံ့သြသွားမိ၏။

"မင်းအပြင် တခြားလူရှိသေးလို့လား" ကိုလူချောက မျက်ခုံးကိုပင့်ကာ မေးလိုက်သည်။

"ကျွန်တော်လည်း တန်းစီနေတာပဲ" Li Shang က လက်ထဲက လက်မှတ်ကို ဝှေ့ယမ်းပြကာ ပြောလိုက်၏။

"ရှက်စရာကောင်းလိုက်တာဗျာ...ကျွန်တော်က ခင်ဗျားခုနတုန်းက စားပွဲရွှေ့နေတာ တွေ့လိုက်တော့ ၀န်ထမ်းလို့ ထင်သွားလို့ပါ....."

Li Shang က နှုတ်ခမ်းကို တင်းနေအောင်စေ့ကာ ဘာမှမကြားသလိုပဲ လုပ်နေလိုက်တော့သည်။

မိနစ်၂၀လောက် တန်းစီပြီးနောက် နောက်ဆုံးတော့ Li Shang အလှည့် ရောက်လာကာ သူ့လက်မှတ်နဲ့ မှတ်ပုံတင်ကို အမြန်ပေးလိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now