အခန်း (၁၁) - မိုးကောင်းကင်က ပေးတဲ့အခွင့်အရေး

3.3K 387 14
                                    

သုံးရက်ဆက်တိုက် Li Shang က Han Dong နောက်ကိုလိုက်ပြီးတော့ ဘေကျင်းစတူဒီယိုရဲ့ အပေါက်ဝမှာ စောင့်နေခဲ့ပေမယ့် သူတို့ ဘာအလုပ်မှ မရခဲ့သေးပေ။

နေ့တိုင်း မနက်ငါးနာရီလောက်ထပြီး ရုပ်ပျက်မှာကြောက်တာနဲ့ အပြင်မှာ ၃ဒီဂရီ ၄ဒီဂရီလောက်ပဲ ရှိနေပေမယ့်လည်း အ၀တ်တွေ အထပ်ထပ် မ၀တ်ရဲကြဘဲ ခန္ဓာကိုယ်ဒုက္ခတွေ ခံကြရသည်။ ဒါပေမဲ့ ဒါက ဒုတိယနာကျင်မှုပဲ ရှိသေး၏။ အဓိကနှိပ်စက်ခံရတာကတော့ သူတို့စိတ်တွေပဲဖြစ်သည်။
အရာတိုင်းက 'စောင့်' ဖို့ လိုအပ်သည်။ အခွင့်အရေးက ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ သူတို့မသိကြ၊ ပြီးတော့ သူတို့ကို ဘာကစောင့်ကြိုနေတယ်ဆိုတာကိုလည်း မသိကြပေ။

သူတို့အရွေးခံရရင်တောင်မှ ယွမ်၆၀နဲ့ နေ့လည်စာပဲရ၏။ စားနိုင်ဝတ်နိုင်နေတဲ့လူတွေက ဒီကိုမလာတာ ကျိန်းသေသည်။ လူတိုင်းရဲ့ မျက်နှာမှာ "စိတ်ကူးယဉ်" နေခြင်းဆိုတဲ့ စကားလုံးသုံးလုံးကို Li Shang တွေ့နေခဲ့ရ သည်။

Han Dong က ဒီအိပ်မက်နောက်ကို လိုက်နေခဲ့တာ ငါးနှစ်ရှိနေခဲ့ပြီ။

"ဒီနေ့လည်း မျှော်လင့်ချက်မရှိတဲ့ပုံပဲ... သွားကြစို့" Han Dong က Li Shang ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

နှစ်ယောက်သား လမ်းချိုးလေးကို ကွေ့တော့မယ်အချိန်မှာ မျက်နှာချင်းဆိုင်ဘက်ကနေ ဇိမ်ခံကားတစ်စီးက ရုတ်တရက်ရောက်လာပြီး ဘေကျင်းစတူဒီယိုရဲ့ အပေါက်ကို တန်းမောင်းသွားခဲ့သည်။

"ကြည့်စမ်းပါဦး... ဘန်လေကားကြီး" Li Shang မျက်လုံးတွေ တန်းခနဲရောက်သွားခဲ့သည်။

Han Dong က လှည့်ကြည့်ကာ ရွှတ်နောက်နောက်ပြောလိုက်သည်။

"ဘာများကြည့်စရာရှိလို့လဲ... ငါနာမည်ကြီးလာရင် မင်းကို တစ်စီးဝယ်ပေးမယ်"

"ဟားဟားဟား... စောင့်နေပါ့မယ်ဗျာ"
Li Shang က Han Dong ပုခုံးကို ဖက်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားတော့သည်။

....................................................................

ကားအရှိန်က ချက်ချင်းလျော့သွားတော့
Liang Jing က ပျင်းရိပျင်းတွဲဖြင့် မျက်လုံးဖွင့်ကြည့်ကာ မေးလိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now